Pages

Pages - Menu

Sunday, September 21, 2014

ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာတွင် မြေဈေးမြင့်သော်လည်း အရောင်းအဝယ်မဖြစ်


RangonNewsDaily:: September . 20 .2014
ရန်ကုန်မြို့သစ်စီမံကိန်း နေရာရှိ မြေနေရာအများစုတွင် ဈေးမြင့်တက်နေသော်လည်း အရောင်းအဝယ်မရှိသလောက် နည်းသွားကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သတင်းရရှိသည်။အဓိကအားဖြင့် ရန်ကုန်တစ် ဖက်ကမ်း အေးရွာ၊ ဝါးရုံဆိပ်ရွာ များအပြင် ရန်ကုန်တွံတေးကား လမ်းတစ်လျှောက်ရှိရွာများတွင် အရောင်းအဝယ်ပါးသွားပြီး ဈေး နှုန်းမှာမူ မြင့်တက်နေဆဲဖြစ် ကြောင်း ဒေသခံများထံမှ သိရ သည်။

‘‘ကျန်တဲ့ နေရာတွေအ ရောင်းအဝယ် တော်တော်အေး သွားတယ်။ စီမံကိန်းကြီးဆိုပြီး အသံပေါ်လာတုန်းက မြေလာ ဝယ်တဲ့သူတွေနဲ့ ပွဲဈေးတန်းကြီး အတိုင်းပဲ’’ဟု လမင်းသစ္စာဥယျာဉ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးအေးဝင်းကပြောသည်။
::
နေရာအများစုတွင် အ ရောင်းအဝယ် အေးသွားသော် လည်း တွံတေးခလောက်ချိုင့်ရွာ ဘက်ရှိ မြစ်ကမ်းပေါ်မေးတင် နေရာအချို့တွင် အရောင်းအဝယ် များဖြစ်နေဆဲဟု ဦးအေးဝင်းက ပြောသည်။

နေရာအများစုတွင် ဈေးနှုန်း များအဆမတန်မြင့်တက်သွားပြီး နောက် ဝယ်ယူထားသူအချို့က မြေကိုသိုလှောင်ထားလိုသဖြင့် ထပ်မံရောင်းချခြင်း မပြုတော့ ကြောင်း တွံတေး-ရန်ကုန်ကား လမ်းမပေါ်ရှိ ကမာပလောကျေး ရွာမှ ကိုမျိုးဝင်းစိုးကပြောသည်။
::
‘‘လယ်သမားတွေလက်ထဲ မှာ လယ်တွေမရှိတော့ဘူး။ လုပ် ငန်းရှင်တွေလက်ထဲ အကုန် ရောက်နေပြီ။ ဒါကြောင့် တချို့က မြေတွေထုတ်မရောင်းကြတော့ ဘူး’’ဟု ကိုမျိုးဝင်းစိုးကပြောသည်။

ယခင် ရန်ကုန်-တွံတေး ကားလမ်းမနံဘေးတွင် ဇိမ်ခံကား များရပ်ကာ မြေအရောင်းအဝယ် ပြုလုပ်သူများ၊ မြေအကျိုးဆောင် များဖြင့် စည်ကားခဲ့သော်လည်း ယခုလပထမပတ်မှစတင်ပြီး စည် ကားမှုမရှိတော့ဟုဆိုသည်။
::
လက်ရှိမြို့ပြစီမံကိန်းဖော် ဆောင်မည့်မြေနေရာမှာ လွန်ခဲ့ သည့်နှစ်များကတည်းက သတင်း ကြိုရသူ၊ အစိုးရအဖွဲ့နှင့် နီးစပ် သည့်ကုမ္ပဏီများက မြေကိုကြို တင်စုဆောင်းထားသည်ဟု မီဒီ ယာများတွင်ရေးသားဖော်ပြထား သည်ကိုကြားသိရသဖြင့် ၎င်းတို့ ကိုအစိုးရအဖွဲ့အနေဖြင့် စုံစမ်း စစ်ဆေးဖော်ထုတ်သင့်ကြောင်း မြို့ပြစီမံကိန်းပညာရှင်ဦးဝင်းမြင့်ကပြောသည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦး စီးဌာန အငြိမ်းစားညွှန်ကြားရေး မှူးတစ်ဦးကလည်း ‘‘အဲဒီနေရာ တွေက စီမံကိန်းစရင် ဖယ်ပေး ရမှာ ဘာသဘောနဲ့မြေတွေဝယ် နေတာလဲ။ မြေလက်ဝယ်သို လှောင်ထားသူတွေကို အစိုးရအ ဖွဲ့ကခေါ်ယူစစ်ဆေးသင့်တယ်’’ ဟု တိုက်တွန်းပြောဆိုသည်။
::
စီမံကိန်းနယ်မြေအတွင်းရှိ အချို့လယ်မြေများမှာ လန (၃၉) ပြောင်းလဲပြီး မြေ၊ အချို့လယ် မြေများမှာမူ လယ်မြေအဆင့်သာ ရှိပြီး မည်သည့်မြေအမျိုးအစား တွင်မဆို လယ်တစ်ဧကလျှင် လမ်းမနံဘေးဆိုပါက ကျပ်သိန်း ၁၀၀၀ မှ ၁၂၀၀ အထိ ရန်ကုန်မှ လုပ်ငန်းရှင်ကြီးများက ကွင်းဆင်း ကာ သတင်းထွက်ပေါ်စက လာ ရောက်ဝယ်ယူခဲ့ကြသည်ဟု လယ်မြေပွဲစားတစ်ဦးဖြစ်သည့် ဦးတင်နိုင်စိုးကပြောသည်။
::
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့တော်ဝန်က ပြီးခဲ့သည့် လနောက်ဆုံးပတ်က ရန်ကုန်၏ အနောက်ပိုင်းမြေဧက ၃၀,၀၀၀ ကျော်တွင် အကောင်အထည် ဖော်မည်ဟု ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေး တွင်ပြောကြားခဲ့ပြီး ယင်းနယ်မြေ အချို့တွင် မြေဈေးများမြင့်တက် ကာ အရောင်းအဝယ်များဖြစ်ခဲ့ ကြသည်။

မြို့သစ်စီမံကိန်းဧရိယာအတွင်းတွေ့ရသည့် အကျိုးဆောင်လုပ်ငန်းကြော်ငြာတစ်ခု (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

7Day ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment