Pages

Pages - Menu

Friday, September 26, 2014

တာမွေပလာဇာရှေ့တွင် ပိုင်ရှင်မဲ့ အလောင်းတစ်လောင်းတွေ့


RangonNewsDaily:: September . 26 .2014
တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်း မပေါ်ရှိ တာမွေ ပလာဇာရှေ့တွင် ယနေ့ နံနက်ပိုင်းက အသက် ၅၀ ကျော်အရွယ် ပိုင်ရှင်မဲ့ အမျိုးသား အလောင်း တစ်လောင်း တွေ့ရှိခဲ့သည်။
ယနေ့ နံနက်ပိုင်း ကတွေ့ရှိခဲ့သော ပိုင်ရှင်မဲ့ အလောင်းမှာ တာမွေပလာဇာ၏ အ၀င်လှေခါးပေါ်တွင် ထိုင်လျက် သေဆုံး နေခြင်း ဖြစ်ပြီး ယခင်က တာမွေပလာဇာ အနီးတစ်ဝိုက် တွေ့ရှိခဲ့ခြင်း မရှိသူဖြစ်ကာ သာမန်ရိုးကျ သွေးရိုးသားရိုး သေဆုံးခြင်း ဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိသည်။

ပိတ်သိမ်းထားသည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်သော တာမွေပလာဇာ၏ ရှေ့မျက်နှာစာ တွင် ရူးသွမ်းသူများနှင့် နေထိုင်စရာမရှိသော လူအချို့လာရောက်နေထိုင်ခဲ့ကြသည်မှာကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုကဲ့သို့ တာမွေပလာဇာ ရှေ့တွင် လာရောက်နေထိုင်ရင်း သေဆုံးခဲ့ခြင်းမျိုးလည်း ယခင်အချိန်များက ဖြစ်ပွားခဲ့ဖူးသည်။
::
" ဒီအရှေ့မှာ အဲ့ဒီလို လာလာနေတဲ့ လူတွေရှိခဲ့တယ်။ ဒီနေရာက တစ်ခြားနေရာတွေထက်စာရင် အမိုးအကာ နည်းနည်း
ရတော့ လာနေကြတာ။ တစ်ချို့တလေက နောက်ပိုင်း ထွက်သွားကြတာမျိုးလည်းရှိပေမယ့် တစ်ချို့က နေမကောင်း
လို့ အိမ်ကစွန့်ပစ်တာမျိုးတောင်ရှိလို့ တာမွေပလာဇာရှေ့မှာပဲ သေသွားတာပေါ့။ ဒါပေမယ့် ဒီနေ့မနက် ဆုံးပါးသွားတဲ့ လူကိုတော့ အရင်က တစ်ခါမှ ဒီနားမှာမတွေ့ဖူးဘူး" ဟု တာမွေပလာဇာအနီးနေထိုင်သူ တစ်ဦးကပြောသည်။

အောင်ဟိန်းခိုင်
News WatchJournal ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment