Pages

Pages - Menu

Thursday, September 4, 2014

ငွေကျပ် ၂၂ ဒသမ ၅ ဘီလီယံသုံးကာ ပန်းလှိုင်မြစ်ကို ပြန်လည်တူးဖော်မည်

RangonNewsDaily:: September . 4 .2014
ပန်းလှိုင် မြစ်ပြန်လည် တူးဖော်ရေးလုပ်ငန်း အား ယခုနှစ် ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ငွေကျပ် ၂၂ဒသမ၅ဘီလီယံ ကုန်ကျခံကာ ပြန်လည်တူးဖော်မည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁ရက်တွင် ကျင်းပ သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်နဝမပုံမှန်အစည်းအဝေး၌ ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိုက် ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုး မင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပန်းလှိုင်မြစ်ကြောင်း ကို ပြန်လည်တူးဖော်ရာတွင် မူလမြစ် ကြောင်းအတိုင်း နယ်နိမိတ်ပြန်လည် သတ်မှတ်ပြီး ပြန်လည် တူးဖော်မည် ဖြစ်သည်။
::
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီးဦးစိုးမင်းက''ဒီနှစ် ပွင့်လင်း ရာသီမှာ ပြန်လည်တူးဖော်မှာဖြစ်တဲ့ အတွက် တူးဖော်ရေး စက်ကြီးများ လဲ အဆင်သင့် ရောက်ရှိနေပြီဖြစ်ပါ တယ်'' ဟု လွှတ်တော်အတွင်းပြော ကြားခဲ့သည်။

မြစ်ကြောင်းပြန်လည်တူးဖော် ရေးအတွက် သီးသန့် ၂၂ဒသမ၅ ဘီလီယံ သုံးမည်ဖြစ်ပြီးမြစ်ကြောင်း ပြန်လည်တူးဖော်ပြီးပါက ပန်းလှိုင် မြစ်အတွင်းသို့ လှိုင်မြစ်ဝမှ ရေငန် များ မဝင်ရောက်စေရန် လှိုင်မြစ်ဝ နေရာတွင် ရေထိန်းတံခါး တစ်ခုတည် ဆောက်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးမင်းက ပြောကြားခဲ့သည်။
::
ပန်းလှိုင်မြစ်သည်နုန်းမြေများ ထူထပ်နေပြီး တူးဖော်ခြင်း လုပ်ငန်း များ ဆောင်ရွက်ခြင်းမရှိသည့်အတွက် မြစ်တိမ်ကောရန် အနေအထားမျိုး ရှိနေကြောင်း မြစ်ချောင်းဆိုင်ရာ ကျွမ်းကျင်သူများကသုံးသပ်ကြပြီး ပြန်လည် တူးဖော်ခြင်းမဆောင်ရွက် ပါကပျောက်ကွယ်နိုင်ကြောင်း သိရ သည်။

Democracytoday ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment