Pages

Pages - Menu

Friday, September 12, 2014

မုံရွာမှာ ဆီတင်ထားတဲ့ အမြန်ရေယာဉ် မီးလောင်ပေါက်ကွဲ


RangonNewsDaily:: September . 12 .2014
မုံရွာ ချင်းတွင်းမြစ်ကမ်း ကွေ့ကြီးရပ်ကွက် လှည်းဆိပ်မှာ ဆီပီပါတွေ တင်ပြီး ဆိပ်ကပ်ထားတဲ့ အမြန်ရေယာဉ်ပေါ်မှာ ထွန်းထားတဲ့ မီးချောင်းကွဲရာကနေ ဒီနေ့ နံနက် ၂ နာရီ ဝန်းကျင်က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် မော်တော်ပေါ်မှာရှိတဲ့ ဆီပီပါတွေ ပေါက်ကွဲတဲ့အတွက် ဆိပ်ကမ်းမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကို ဖြေပြီး မြစ်လယ်သို့ မျှောလိုက်ရတယ်။ မီးလောင်ကျွမ်းပြီး ရေမိုင် ၇ မိုင်ခန့် အကွာအထိ မျှောပါသွားတယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“လမ်းတစ်လျှောက်မှာ ဆီပီပါတွေက ပေါက်ကွဲမှု ဖြစ်နေတော့ အနားကိုကပ်လို့ မရဘဲ ဖြစ်နေတယ်။ ငြိမ်းသတ်ဖို့အတွက် ဇာတ်ပေါ်ကို မီးသတ်ကားတင်ပြီး လိုက်လံ ငြိမ်းသတ်ပေမယ့် မီးအား အရမ်းကောင်းတော့ ငြိမ်းမရဘူး” ဒီကနေ့ ကြုံတွေ့ခဲ့ရမှုကို မုံရွာမြို့နယ် မီးသတ်ဦးစီးမှူးက ရှင်းပြတာပါ။

မီးလောင်ကျွမ်းမှုကို လေးနာရီခန့်အကြာ ငြိမ်းသတ်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ရေယာဉ် မီးလောင်ချိန်မှာ အဲဒီယာဉ်ပေါ်မှာ ပိုင်ရှင်ရဲ့ ဇနီးနဲ့ ရေလုပ်သားတစ်ဦး ရှိနေခဲ့ပါတယ်။ မီးလောင်မှု ဖြစ်ပွားချိန်

မှာတော့ သူတို့တွေ ခုန်ကျနေခဲ့ကြပါတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ရေယာဉ်ပေါ်မှာ ဆီပီပါ ဘယ်လောက် ပါတယ်ဆိုတာကို စာရင်းအတိအကျ မရသေးဘူး။ မော်တော်ပိုင်ရှင်ကို သိရှိ

ထားပြီး ဖြစ်ပြီးတော့ မော်တော်ကိုလည်း မီးငြိမ်းသတ်ပြီး မုံရွာ ဇတ်ဆိပ်ကမ်းသို့ ပြန်ဆွဲလာပြီလို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment