Pages

Pages - Menu

Saturday, September 6, 2014

လမ်းဘေးသစ်ပင်ပြိုလဲကျရာ ဘုရားဖူးယာဉ်ပိ၍ ၄ဦးသေဆုံး ၁၀ဦးဒဏ်ရာရ


RangonNewsDaily:: September . 6 .2014
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ရေပိုးစား ဘုန်းကြီးကျောင်းတိုက်အနီး မုံရွာ - မန္တ လေး အဝေးပြေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၆၀/၁ နှင့် ၆၁/၁ အကြားနေရာတွင် စက်တင်ဘာ၅ ရက် မနက် ၁၁နာရီခွဲအချိန်က လမ်းဘေးသစ်ပင်ပြိုလဲကျခဲ့ရာ လမ်းပေါ်၌သွားလာနေသည့်
ဘုရားဖူးယာဉ်တစ် စီးအား ပိမိ၍ လူလေးဦးသေးဆုံးခဲ့ပြီး လူဆယ်ဦးဒဏ်ရာများရရှိခဲ့သည်။

မုံရွာ-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင် လမ်းဘေးသစ်ပင်လဲကျ၍ ဘုရားဖူးယာဉ်တစ်စီး ပိမိကာ လူလေးဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရသည့် ဖြစ်ရပ် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ရေပိုးစားဘုန်းကြီးကျောင်းတိုက်အနီးတွင် စက်တင်ဘာ ၅ရက် နံနက် ၁၁နာရီခွဲက ဖြစ်ပွားခဲ့သည်။

“သေဆုံး၊ ဒဏ်ရာရသူများရဲ့ စာရင်းကို အခုပဲပြုစုနေပါတယ်။ လူနာတွေက မြင်မူဆေးရုံနဲ့၊ ချောင်းဦး ဆေးရုံတွေမှာရှိပါတယ်။ လဲကျတဲ့သစ်ပင်ကို ရဲတပ်ဖွဲ့ဝင်တွေက 
ရှင်းလင်းဖယ်ရှားနေပါပြီ” ဟု အခင်းဖြစ်ပွားသည့် နေရာသို့ ရောက်ရှိနေသည့် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်က ပြောသည်။

ယာဉ်ပေါ်တွင် ဘုရားဖူးခရီးသည် မည်မျှပါဝင်သည်ကို သက်ဆိုင်ရာက စိစစ်နေပြီး သေဆုံးသူလေးဦးမှာ အမျိုးသားများဖြစ်သည်။

သစ်ပင်လဲကျသည့် နေရာမှာ မုံရွာ-မန္တလေး အဝေးပြေးလမ်းမကြီး မိုင်တိုင် အမှတ် ၆၀/၁ နှင့် ၆၁/၁ ကြားနေရာတွင် ဖြစ်ပွားခဲ့ပြီး သစ်ပင်ပိသည့်ကားမှာ မန္တလေးမှ မုံရွာသို့ ဦးတည်မောင်းလာသည့် ဒိုင်နာအမျိုးအစား ဘုရားဖူးယာဉ်ဖြစ်သည်။

Mizzima - KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment