Pages

Pages - Menu

Wednesday, September 17, 2014

ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုလပိုင်းခန့်ခေတ္တရပ်ဆိုင်းမည်

RangonNewsDaily:: September . 16 .2014
ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဖိုက်ဘာကွန်ရက်များ ဖြန့် ကြက်နိုင်ရန် ဆောင်ရွက်နေ၍ ဖိုက်ဘာလိုင်းဖြင့် အင်တာနက်ပေးသည့်ဝန်ဆောင်မှုခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
‘‘ဖိုက်ဘာအင်တာနက်လိုင်းကို နေရာတိုင်းမှာ အလွယ်တကူချိတ်ဆက်ပြီး သုံးနိုင်ဖို့လေ့လာမှုတွေ ပြုလုပ်နေတဲ့အတွက်ခေတ္တရပ်ဆိုင်းထားတာပါ။ အဲဒါတွေပြီးတာနဲ့ ၀န်ဆောင်မှုတွေကို ပြန်ပေးသွားပါမယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Inernet Service Provider ဌာနမှ အင်ဂျင်နီယာချုပ်ဦးမျိုးဆွေကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ဖိုက်ဘာကွန်ရက် များဖြန့်ကြက်သည့်လုပ်ငန်းကို ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ KDDI နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် နိုဝင်ဘာလကုန်ခန့်တွင် ၀န်ဆောင်မှုများ ပြန်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဖိုက်ဘာကေဘယ်လိုင်း အသုံးပြုလိုသူများ အနေဖြင့် မိမိအသုံးပြုလိုသော နေရာအထိ လိုင်းဆွဲခြင်းကို ကိုယ် တိုင်အကုန်အကျခံ၍ ဆောင်ရွက်နေရပြီး ကျပ်သိန်း ၃၀ ခန့်မှ ကျပ်သိန်း ၂၀၀ ခန့်အထိ ကုန်ကျလေ့ ရှိ၍ ပြည်တွင်း၌ သုံးစွဲသူဦးရေနည်းပါးနေသေးကြောင်း သတင်းရရှိသည်။

အဆိုပါစီမံကိန်း ဆောင်ရွက်ပြီးပါက ဖိုက်ဘာကေဘယ်လိုင်းဖြင့် အင်တာနက်အသုံး ပြုလိုသည့် စက်ရုံ၊ စာသင်ကျောင်း၊ဆေးရုံ၊ ကွန်ဒိုတိုက်ခန်းများ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ဌာနဆိုင်ရာများအနေဖြင့် အလွယ်တကူရယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း Internet Service Provider ဌာနမှ သိရသည်။

‘‘လက်ရှိမှာ ဖိုက်ဘာကွန်ရက်ကို သုံးမယ့်လူရှိမှ ဆွဲပေးနေရတာ နောက်ပိုင်းမှာတော့ ဘယ်သူပဲ သုံးသုံး အလွယ်တကူယူသုံးနိုင်အောင်လုပ်သွားမှာ ဖြစ်ပါတယ်’’ဟု ဦးမျိုးဆွေက ပြောသည်။

နိုင်ငံတစ်ဝန်းတွင် ဖိုက်ဘာကေဘယ်လိုင်းအသုံးပြုရာ၌ ကုန်ကျစရိတ်များသဖြင့် အသုံးပြုသူဦးရေမှာ လက်ရှိအချိန်အထိငါးရာခန့်သာရှိသေးကြောင်း သတင်းရရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment