Pages

Pages - Menu

Friday, September 19, 2014

ကယ်လ်မေဂီမုန်တိုင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ဝင်ရောက်လာနိုင်

Photo : တောင်တရုတ်ပင်လယ်မှ နိုင်ငံတကာအမည်တပ် (Kalm-aegi) 
RangonNewsDaily:: September . 18 .2014
ကယ်လ်မေဂီမုန်တိုင်းသည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ နံနက်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားပြီး ဘင်္ဂလားပင် လယ်အော်၌ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအလွန်ကောင်းနေသည်။ကယ်လ်မေဂီမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဟိုင်နန်ကျွန်းကို ဖြတ်ပြီး အားအနည်းငယ်လျော့သွားကာ ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက်အစောပိုင်းတွင် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

မိုး/ဇလဒုတိယညွှန်ကြားရေးမှုးချုပ်ဦးကျော်မိုးဦးက ကယ်လ်မေဂီမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်မြန်မာနိုင်ငံအနှံ့ မိုးကောင်းခဲ့ပြီး စက်တင်ဘာ ၁၇ရက် တစ်နေ့တည်း မြို့ပေါင်း ၁၁ မြို့တွင် ပုံမှန်ထက် မိုးပိုရွာခဲ့ကြောင်း ပြောသည်။
::
ဒေါက်တာထွန်းလွင်က ကယ်လ်မေဂီမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားပိုကောင်းကာ မြန်မာနိုင်ငံဒေသအနှံ့ မိုးကောင်းနိုင်ကြောင်းပြောသည်။ ထို့အပြင် ပင်လယ်တွင် လှိုင်းရော လေပါကြီးနိုင်ကြောင်း သတိပေးထားသည်။

‘‘မုန်တိုင်းငယ်အနေနဲ့ ရှမ်းပြည်ဘက်ကနေ စဖြတ်မှာဖြစ်ပြီးတော့အထက်ကို ထောင်တက်သွားရင် ကချင်ပြည်နယ် မိုးကြီးနိုင်ပြီး အောက်ဘက်ဆိုရင်တော့ ကရင်ပြည်နယ် အရေးကြီးတယ်။
::
ရှမ်းပြည်နယ်က ကုန်းမြင့်ဒေသဖြစ်တော့ တောင်ကျရေနဲ့မြေပြိုမယ့် ဘေးတွေ သတိပြုဖို့လိုတယ်’’ဟု မိုး/ဇလဌာ နဒုတိယညွှန်ကြားရေးမှုးချုပ်ဦးကျော်မိုးဦးက ပြောသည်။

7daydaily ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment