Pages

Pages - Menu

Thursday, September 4, 2014

အမြန်လမ်းတစ်လျှောက် အန္တရယ်ရှိ နေရာ ၁၈ခု ရှိဟု သတိပေး

RangonNewsDaily:: September . 4 .2014
ယာဉ်တိမ်းမှောက်များ ဖြစ်ပွားခဲ့သည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတစ်လျှောက် ထိခိုက်မှု အများဆုံး မိုင်တိုင် ၁၈ခုကို အန္တရာယ်ရှိ မိုင်တိုင်များအဖြစ် နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှ စက်တင်ဘာ ၄ ရက်က ထုတ်ပြန်လိုက်သည်ဟု နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှ စခန်းမှူး ဦးဝင်းထွဋ်အောင်က မဇ္ဈိမကို ပြောသည်။
နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှ စခန်းမှူး ဦးဝင်းထွဋ်အောင်က “မိုးရာသီဆိုတော့ လမ်းတွေမှာ ရေတွေ ဝပ်နိုင်တဲ့ အတွက် ကားတွေကို ကြိုတင်ပြင်ဆင်နိုင်အောင် သတင်းထုတ်ပြန်တာပါ။ 

အခုထုတ်ပြန်လိုက်တဲ့နေရာတွေက အရင်တုန်းက မတော်တဆ(accident )ဖြစ်ခဲ့တာ အများဆုံးမို့လို့ ထုတ်ပြန်တာ မဟုတ်ပါဘူး။ ရေဝပ်တဲ့အတွက် အန္တရာယ်ရှိနိုင်တော့ သတိထားနိုင်အောင် ပါ” ဟု ပြောသည်။

အဆိုပါ အန္တရာယ်ရှိမိုင်တိုင်များမှာ လှည်းကူးမြို့မှ မိုင်တိုင် ၂၊ ၆၊ ၇၊ ၈ တွင်လည်းကောင်း၊ ပဲခူး မြို့မှ မိုင်တိုင် ၂၇/၇ နှင့် ၂၈/၀အကြား၊ မိုင်တိုင် ၃၃/၇ နှင့် ၃၄/၀ အကြားတွင်လည်းကောင်း၊ ဒိုက်ဦး မြို့ရှိ မိုင်တိုင် ၄၉/၀နှင့် ၅၂/၄ အကြားတွင်လည်းကောင်း၊ ကျောက်တံခါးမြို့ရှိ မိုင်တိုင် ၈၄/၈၉/ ၁၀၀ ကြားတွင် လည်းကောင်း၊ ဖြူးမြို့ ၁၁၅မိုင်တွင်လည်းကောင်း၊ ရေတာရှည်မြို့ရှိ ၁၆၄/၁၆၅မိုင်တွင် လည်းကောင်း၊ ဒက္ခိဏသီရိမြို့ရှိ မိုင်တိုင် ၂၀၁/၅မိုင်နှင့် ၂၀၁/၆မိုင်တို့ကိုလည်းကောင်း သတိပေး ထုတ်ပြန်ထားသည်။


အမြန်လမ်းမကြီး စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ဧပြီ ၂၂ ရက်အထိ သေဆုံးသူ ၃၅၃ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၈၄ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။


by mizimma , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment