Pages

Pages - Menu

Sunday, September 28, 2014

မြေမြှုပ်သဂြုင်္ိဟ်ပြီးနောက် အခေါင်းတွင်းမှ အော်သံထွက်ပေါ်လာသည့် ကိစ္စကို ဂရိနိုင်ငံမှ တာဝန်ရှိသူများ စုံစမ်းနေ


RangonNewsDaily:: September . 28 .2014
ဂရိနိုင်ငံမြောက်ပိုင်း တက်ဆာလိုနီကီမြို့တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း ဆရာဝန် များက အတည်ပြုပြီးဖြစ်သည့် အမျိုးသမီး အား မြေမြှုပ် သင်္ဂြိုလ်ခဲ့ရာ အခေါင်းအတွင်းမှ အော်သံ ထွက်ပေါ်လာသဖြင့် အခေါင်းအား ပြန်လည်တူးဖော်ခဲ့သော်လည်း အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း ပြောဆိုမှု များနှင့်ပတ်သက်၍ တာဝန်ရှိသူများက အလောင်းအား ပြန်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
စက်တင်ဘာ ၂၅ ရက်နေ့က သူမ၏ နာရေးအား လိုက်ပါပို့ဆောင်သည့် ဆွေမျိုးများ သင်္ချိုင်း အတွင်းမှ ထွက်ခွာသွားပြီး မကြာမီတွင် သင်္ချိုင်းအပြင်ဘက် တွင် နေထိုင် သူများနှင့် ကစားနေသော ကလေးများက အတွင်းမှ အော်ဟစ်အကူအညီ တောင်းသံကို ကြားခဲ့ရခြင်းဖြစ်သည်။

၎င်းတို့က ရဲများကို ဆက်သွယ်အကြောင်းကြားပြီး အလောင်းကို တူးဖော်ရန် ကြိုးပမ်းခဲ့သော်လည်း အသက် ၄၅ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် အခေါင်း တွင်း အသက်ရှူကြပ်ကာ သေဆုံးသွား ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် အသက်မသေဘဲ မြေမြှုပ်ခံရခြင်းဟုတ်၊ မဟုတ်ကို သူမ၏ ကင်ဆာ ရောဂါအား ကုသနေပြီး သေဆုံးကြောင်း ထောက်ခံချက်ပေးခဲ့သည့် ဆရာဝန်များအား ရဲများက စစ်ဆေးနေကြောင်း သိရသည်။

သို့သော် အလောင်းအား ပြန်ဖော်ပြီးနောက် စစ်ဆေးသည့် ဆရာဝန်က အဆိုပါအမျိုးသမီးသေ ဆုံး သွားသည်မှာ နာရီများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် ပြန်ရှင်နိုင် ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော် ဒီကိစ္စကို မယုံပါဘူး။ ဒီအမျိုးသမီးရဲ့ နှလုံးအပါအ၀င် အမျိုးမျိုးစမ်းသပ်ပြီးမှ သေဆုံး ကြောင်း အတည်ပြုခဲ့တာပါ” ဟု အဆိုပါ ဆရာဝန် က ပြောကြားသည်။

“သေပြီး ခန္ဓာကိုယ် တောင့်တင်းပြီး သွားတဲ့သူတစ်ယောက်ဟာ အခုလို အော်ပြီး အခေါင်းကို ထုတယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

Ref:The Mirror , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment