Pages

Pages - Menu

Wednesday, September 17, 2014

ရွှေအုန်းပင် အိမ်ရာဝင်းအတွင်း အသေးစားမီးလောင်မှု ဖြစ်ပွား

RangonNewsDaily:: September . 16 .2014
ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာဝင်းအတွင်းရှိ အိမ် တစ်အိမ်တွင် စက်တင်ဘာ ၁၅ ရက် နံနက်က မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။
နံနက် ၁၀ နာရီဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းအိမ်၌ တပ်ဆင်ထားသော လျှပ်စစ်ထိန်းခလုတ် (ဘရေကာ) တွင် သွယ်တန်းထားသည့် လျှပ်စစ်ဝိုင်ယာကြိုး မမိတမိဖြစ်နေသောကြောင့် ၀ိုင်ယာကြိုးအပူလွန်ကဲကာမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မိနစ်အနည်းငယ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း ဆို ဖာဆက်တီ၊ ဘုရားစင်နှင့် အဲကွန်းတစ်လုံးမီးလောင်ခဲ့ပြီး ငွေကျပ်တစ်သိန်းဖိုးခန့် မီးလောင်ဆုံးရှုံးခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းမီးလောင်မှုတွင် မိတ်ဖက်ယာဉ်များပါဝင်မငြှိမ်းသတ်ခဲ့ရသော်လည်း အခင်းဖြစ်သည့်နေရာသို့ မီးသတ်ယာဉ်၊ အ ထောက်အကူပြုယာဉ်၊ ကွပ်ကဲမှုယာဉ် စုစုပေါင်း အစီး ၂၀ နှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ဦးခန့်လာရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုနှင့် ပတ်သက်၍ ယင်းအိမ်တွင် ငှားရမ်းနေထိုင်သူကို ပုဒ်မ ၂၈၅ ဖြင့် ရန်ကင်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7Day News  , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment