Pages

Pages - Menu

Monday, September 8, 2014

အနုပညာကြေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ဘယ်လောက်ဆိုပြီး ဈေးမခေါ်ဖူးဘူးလို့ ဖွင့်လိုက်တဲ့ ဖူးပွင့်သခင်


RangonNewsDaily:: September . 8 .2014
အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် အနုပညာလောကထဲ ဆင့်ကာဆင့်ကာ ၀င်ရောက်ခဲ့ပြီး ဇာတ်ကားတွေ တော်တော်များများမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ရိုက်လာရတဲ့ ဖူးပွင့်သခင် က အနုပညာပျိုးခင်းမှာလဲ ၀င်ပြိုင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမကတော့ “အနုပညာပျိုးခင်း ကဖောင်တော့တင်ထားပါတယ်။ သူများတွေက သွားတင်လို့ ပြောတာနဲ့တင်တော့ တင်ထားကြည့်တယ်။ ကံပေါ့နော်”တဲ့။
ကာရိုက်တာရွေးချယ်တဲ့အပိုင်း၊ ဇာတ်ကားလက်ခံရိုက်ကူးရေးပိုင်းကိုတော့ “ကိုယ်လဲအသစ်ကနေ လာရတာပဲဆိုတော့ တတ်နိုင်သမျှ ဇာတ်ကောင်းပြီးကိုယ်လဲလုပ်ကွက်ရမယ်ဆိုရင်တော့ ညီမ ရိုက်ပါတယ်။ ခုခေတ်က မင်းသားစွဲလဲ မရှိတော့ဘူး။ အသစ်လဲ အားပေးကြတော့ ကိုယ့်အတွက် လုပ်ကွက်ရမယ်ဆို ဘယ်မင်းသားနဲ့မဆို ညီမ ရိုက်မှာပါ။

ကိုယ်ကိုယ်တိုင်ကတော့ ကားတိုင်းမှာ အကောင်းဆုံးနဲ့ အမှားအနည်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ သရုပ်ဆောင်ဆိုတာ အပြင်မှာ ဖြစ်နေတဲ့ဟာတွေ အားလုံးကို လေ့လာထားရတယ်။ ကိုယ်ကျရာ ဇာတ်ရုပ်ကို အရုပ်ရယ် အ၀တ်အစား ဆင်ယင်မှု အိုက်တင်ပိုင်းရောအကုန်လုံးကို perfect ဖြစ်အောင်လုပ်ရတာပေါ့နော်။ 

အဓိက အ၀တ်အစားက၂၅ ရာခိုင်နှုန်းပါတယ်။ အိုက်တင်ပိုင်းကတော့ ၇၅ ရာခိုင်နှုန်း ပါမယ်လို့ ညီမကတော့ထင်တယ်။”လို့ သူမက ပြောပါတယ်။

တက်သစ်စ မင်းသမီးတစ်ယောက်ရဲ့အနုပညာကြေးနဲ့ပတ်သတ်ပြီးတော့လဲ သူမက “ညီမ စရိုက်ကတည်းက ဘယ်ရွေ့ ဘယ်မျှ မသတ်မှတ်ထားဘူး။ ကိုယ့်လုပ်ရည်ကိုင်ရည်ကို ပရိသတ်ကပဲ ဝေဖန်ပေးမယ်။ ပရိသတ်ကပဲ ဒီကောင်မလေးက ဘယ်လောက်ထိ ပေးဆပ်ထားလဲ ဘယ်လောက်ထိ တန်လဲဆိုတာ အမှတ်ပေးပါလိမ့်မယ်။ 


ကိုယ့်ကိုကိုယ် ငါကတော့ ဘယ်လောက်တန်တယ် ဆိုပြီး ဈေးခေါ်ရအောင် ညီမတို့ကကုန်ပစ္စည်းလဲ မဟုတ်ဘူး။ ဈေးသည်တွေလဲ မဟုတ်ဘူး။ ကိုယ့်ရဲ့ကြိုးစားမှု အပေါ်ပဲ ဆုံးဖြတ်တယ်။ ညီမစရိုက်ကတည်းက ကုမ္ပဏီကပဲ စညှိပေးတာ။ သူတို့ပြောတဲ့အတိုင်းပဲ ညီမယူတယ်။ ခင်တဲ့သူကျတော့လဲ ခင်တဲ့သူအလျောက်ပေါ့။ 

အတတ်နိုင်ဆုံးတော့ ညီမ ဈေးဘယ်တော့မှ စမခေါ်ပါဘူး။ ကိုယ့်ရဲ့ကြိုးစားမှုကိုပဲ အဓိကထားတယ်။ ပိုက်ဆံကတော့ လူတိုင်း လိုချင်တာပေါ့နော်။ များများလိုချင်ရင် ကိုယ့်ရဲ့ကြိုးစားမှုကို များများ ထားရမယ်။ ငါကတော့ ဒီဈေးတန်
တယ်ပြောပြီးမှ ကိုယ့်ဖက်က ဘာမှမလုပ်ပေးနိုင်ရင် ကိုယ်က အလကားသက်သက် ပိုက်ဆံယူနေသလိုဖြစ်မှာစိုးလို့ ညီမကိုယ်ညီမ ဈေးကို မသတ်မှတ်ထားပါဘူး”တဲ့။

Trend Myanmar , 
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment