Pages

Pages - Menu

Wednesday, September 17, 2014

ရွှေလီဓာတ်အားပေးစက်ရုံအကြီးစားပြင်ဆင်မည်ဖြစ်၍ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့များသို့ တရုတ်မှ လျှပ်စစ်မီးဝယ်ယူဖြန့်


RangonNewsDaily:: September . 16 .2014
ရွှေလီဓာတ်အားပေး စက်ရုံကိုအကြီးစားပြင်ဆင်မည် ဖြစ်၍ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့နယ်သုံးမြို့နယ်တွင် လျှပ်စစ်မီး သီတင်းတစ်ပတ်ခန့်ကြာပြတ်တောက်မည်ဖြစ်ရာ အိမ်နီးချင်းတရုတ်နိုင်ငံမှလျှပ်စစ်ဓာတ်အား ၀ယ်ယူဖြန့်ချိနေရကြောင်း ရှမ်းပြည်နယ် လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာနမှ သတင်းရရှိ သည်။
‘‘တရုတ်နိုင်ငံကနေလျှပ်စစ် ဓာတ်အား ၂ဒသမ၅မဂ္ဂါဝပ်ကို ၀ယ်ယူပြီးမီးအလှည့်ကျပေးနေပါ တယ်။ တစ်ပတ်လုံးမီးပြတ်မှာပါ။ အရင်လိုတော့ မီးအပြည့်အ၀သုံး လို့မရပေမယ့် အလှည့်ကျနဲ့တစ် ယောက်နည်းနည်းစီမျှမျှတတသုံး လို့ရအောင်စီစဉ်ပေးထားတာပါ’’ ဟု ယင်းဌာနမှ ရှမ်းပြည်နယ် ၀န်ကြီးဦးစိုင်းထွန်းရင်က ပြော သည်။

အဆိုပါသုံးမြို့နယ်တွင်အ သုံးပြုသောလျှပ်စစ်ဓာတ်အားမှာ ၈ဒသမ၄မဂ္ဂါဝပ်ရှိပြီး တရုတ်ပြည်မှ ၀ယ်ယူအသုံးပြုသောလျှပ်စစ် ဓာတ်အားမှာ ၂ဒသမ၅မဂ္ဂါဝပ် သာရှိ၍မီးပေးမှုမလောက်ငခြင်း ဖြစ်သည်ဟု ဦးစိုင်းထွန်းရင်ကဆို သည်။

ရက်သတ္တပတ်ကြာမီးပြတ် တောက်မည်ဖြစ်၍ ယင်းမြို့နယ် သုံးမြို့နယ်မှလျှပ်စစ်မီးနှင့်ပြုလုပ် ရသည့်စီးပွားရေးလုပ်ငန်းရှင်များ နှင့် ပြည်သူများအခက်အခဲဖြစ် နေကြောင်း ဒေသခံများက ပြော သည်။

‘‘အင်တာနက်၊ ဂိမ်း၊တည်း ခိုခန်း၊ ဈေးဆိုင်တွေတော်တော် များများပိတ်ထားတယ်။မီးပျက် တော့ တစ်မြို့လုံးမှောင်မည်းပြီး ဖယောင်းတိုင်နဲ့နေရတော့ မီးရေး ထင်းရေးစိုးရိမ်ရတယ်။ အခက်အ ခဲတွေတော့ အများကြီးရှိပါတယ်’’ ဟု မူဆယ်မြို့မှဒေသခံတစ်ဦးက ပြောသည်။

ရွှေလီဓာတ်အားပေးစက်ရုံ မှ မူဆယ်မြို့သို့ထုတ်လွှတ်သည့် လျှပ်စစ်ထရန်စဖော်မာမော်တာ ကိုအကြီးစားကြံ့ခိုင်ရေးပြုလုပ် မည်ဖြစ်၍ စက်တင်ဘာ ၁၃ရက် မှ ၁၉ ရက်အထိ လျှပ်စစ်မီးပြတ် တောက်မည်ဖြစ်သည်။

7daydaily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment