Pages

Pages - Menu

Thursday, September 4, 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှု ၄၊၅ရက် ကြာလျှင် ထူးမည်ဟုဆိုပြန်

RangonNewsDaily:: September . 4 .2014
ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့မှ ဆလုံလူမျိုးများ ရေငုပ်ရှာဖွေမိသောအရာမှာ သံ စည်ပိုင်းတစ်ခုမဟုတ်ဘဲ ဓမ္မစေ တီခေါင်းလောင်းကြီးဟု ယူဆရပြီး ၄၊ ၅ရက် ကြာလျှင် ထူးခြားနိုင်မည်ဟု ခန့်မှန်းကြောင်း ပြန်ကြားရေး အဖွဲ့ဝင်ဦးကြည်ဝင်းက ပြောကြားသည်။
ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာပြီး ရှစ်ရက်မြောက်နေ့တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးဟု ယူဆရသောအရာကို သံမဏိကြိုးများဖြင့် ချည်တုပ်နေပြီး ဆက်လက်ကြိုးစားနေကြောင်း ၎င်းကပြောသည်။

အင်တာနက်လူမှုကွန်ရက် စာမျက်နှာသတင်းများတွင် ဓမ္မစေတီခေါင်းလောင်းအကြောင်း အပျက်သဘောမျိုးရေးသားခြင်းများကိုလည်း အများပြည်သူမယုံ ကြည်စေလိုကြောင်း၊ ယခုဆို ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ အဖျက်သီချင်းများပင် ထုတ်နေကြောင်း၊ သို့သော် ပြန်ကြားရေးအဖွဲ့က အပြစ်မမြင်ပါကြောင်း ၎င်းကပြောသည်။

‘‘သတင်းမထုတ်ပြန်ချင်ဘူး။ ခဏစောင့်ပေးပါ။ ကြိုးစားနေတယ်။ မလုပ်ဘဲရပ်ထားတာမဟုတ်ဘူး။ မိုးလည်းရွာနေတယ်။ ရေထဲက ကိစ္စတွေပြီးရင် ကြေညာမယ်။ ဦးစံလင်းနေကောင်းတယ်။ ဘာမှမလိုအပ်ဘူးလို့လည်းပြော တယ်’’ဟုဦးကြည်ဝင်းကပြော ကြားသည်။


ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်ကြိုးပမ်းမှုမှာ၂၅ ရက် ရှိပြီဖြစ်ပြီး ကုန်းပေါ်ရောက်မှသာ ဓမ္မစေတီခေါင်းလောင်းအစစ် ဟုတ်၊ မဟုတ်သမိုင်းပညာရှင်များက စစ်ဆေးနိုင်မည်ဖြစ်သည်။
‘‘နဂါးသေတာ လုပ်ကြံဖန်တီး ရောင်းစားနေတယ်။ တစ်ပုံ တစ်ထောင်နဲ့။ နားမလည်တဲ့သူက ၀ယ်တယ်။ အင်တာနက်သတင်းတွေလည်း ချင့်ယုံစေချင်တယ်’’ဟု ဦးကြည်ဝင်းကဆို သည်။


ခေါင်းလောင်းရှာဖွေသည့် နေရာတွင် ဒုတိယကမ္ဘာစစ်မတိုင်မီက သင်္ဘောချည်သော ဗော်ယာများ ရန်ကုန်မြစ်အောက်၌ သူ့အဆင့်ဖြင့် သူအများအပြား ရှိနိုင်ကြောင်း၊ ရေကြောင်းပညာရှင်များက သုံးသပ်ပြောကြားသည်။


အင်ဂျင်နီယာများကလည်း နှစ်ပေါင်း ၄၀၀ ကျော်ကြာ ရေအောက်ရောက်နေသော ခေါင်းလောင်းကို ဆယ်ယူမည်ဆိုလျှင် နုန်းပို့ချမှုကို ထည့်သွင်းတွက်ချက်ပြီး တူးဖော်မှ ရနိုင်မည်ဖြစ်ပြီး ၀ိဇ္ဇာနည်းဖြင့် မည်သို့မှ ရှာဖွေတွေ့ရှိမည်မဟုတ်ဟု တညီတညွတ်တည်းပြောကြားသည်။

7Day News , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment