Pages

Pages - Menu

Monday, August 11, 2014

PR စနစ်ကို ဦးဆောင်ဆန္ဒထုတ်ဖော်မည့်သူများ ရောက်မလာသဖြင့် ဆန္ဒထုတ်ဖော်ပွဲပျက်


RangonNewsDaily:: August . 10 .2014
ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် PR (အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်) စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ရန် ဒီမိုကရေစီအင်အားစုများ နှင့် တက်ကြွလှုပ်ရှားသူများရောက်ရှိခဲ့သော်လည်း ဦးဆောင်မည့်သူ မရှိသဖြင့် ဆန္ဒထုတ်ဖော်ပွဲပျက်ခဲ့သည်။

ပုံစာ- အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပူးပေါင်းပါဝင်ရန် ရောက်ရှိနေ
သူများက မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူကားမှတ်တိုင် အနီးတွင် စုဝေးနေစဉ်။ (ဓာတ်ပုံ-ကေဇူး၊မဇ္ဈိမ)

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့်သူများက ခွင့်ပြုမိန့်မရရှိသဖြင့် စုရပ်သို့ လာရောက်ခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်ပွဲတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ကြားခြင်းခံရသော တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများသာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူ ကားမှတ်တိုင် အနီး စုရပ်သို့ရောက်ရှိကာ နာရီ ၀က်ခန့်စုဝေးခဲ့သည်။

“ခွင့်ပြု မိန့်မရလို့ မလုပ်တော့ဘူးဆိုရင် ကြိုတင်အကြောင်းကြားသင့်တယ်၊ပုဒ်မ ၁၈ ကို ကြောက်ရင်

 နိုင်ငံရေးလုပ်စရာမလိုဘူး”ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ အားဖြည့်ကူညီရန် ရောက်ရှိခဲ့သော မင်္ဂလာတောင်ညွှန့်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသောင်းဌေးကပြောသည်။

ဆန္ဒထုတ်ဖော်ရန် သတ်မှတ်ထားသည့်နေရာသို့ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ တာမွေမြို့နယ်၊

 မြောက်ဥက္ကလာ မြို့နယ် နှင့် သင်္ကန်းကျွန်းမြို့နယ်တို့မှ ပူးပေါင်းဆန္ဒထုတ်ဖော်မည့်သူ ၆၀ ခန့်ရောက်ရှိ
ခဲ့ခြင်းဖြစ်သည်။

ဦးဆောင်ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့်တင်ထားသည့် ဦးဌေးမြင့်က “ကျွန်တော်တို့ မူလတင်ထားတဲ့ မင်္ဂလာတောင်
ညွှန့်မြို့နယ်မှာ ခွင့်မပြုဘဲ တာမွေမှာ လုပ်ဖို့ပြောတဲ့အတွက် မလုပ်တော့တာပါ”ဟု မဇ္ဈိမကိုပြောသည်။

ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြုစနစ် PR သို့ ပြောင်းလဲနိုင်ရန် လွှတ်တော်များ၏ ကြိုးပမ်းမှုကို ကန့်ကွက်ကြောင်း သြဂုတ်လ ၃ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင်လည်း ပြုလုပ်

ခဲ့သေးသည်။

Mizzima , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment