Pages

Pages - Menu

Tuesday, August 26, 2014

MPT က (၁၅၀၀) တန် ဆင်းကတ်များကို လမ်းဘေးဆိုင်များတွင် လစဉ် ကတ် (၁)သန်းရောင်းချမည်

RangonNewsDaily:: August . 26 .2014
မြန်မာ့ဆက်သွယ်ရေး MPT မှ ကျပ် (၁၅၀၀) တန် ဆင်းကတ်များကို လမ်းဘေးတွင် လစဉ် ကတ်တစ်သန်း ရောင်းချမည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အကြံပေး ဒေါက်တာသိန်းဝင်းက ပြောသည်။
MPT က အခုအချိန်မှာ မဲဖောက်ပြီးတော့ ပြည်နယ်နဲ့ တိုင်းအလိုက်၊ ပြည်နယ်တွေ တိုင်းတွေထဲက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် အုပ်ချုပ်ရေး channelကနေ မဲဖောက်ပြီးတော့ ရောင်းတယ်။ လူတိုင်းဝယ်ချင်လို့ မရဘူး။ ဒါပေမယ့် ရှေ့လမှာ အလွန်ဆုံး အောက်တိုဘာလမှာ MPT က ဆင်းကတ် တစ်လတစ်သန်း ရောင်းဖို့ရှိတယ်။ အုပ်ချုပ်ရေး channel က ရောင်းမှာ မဟုတ်ဘူး။ လမ်းဘေးဆိုင်က နေရောင်းမှာ ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ အစီအစဉ်ရှိ သော်လည်း ချက်ချင်း မရောင်းချနိုင်ခြင်းမှာ MPT သည် အစိုးရပိုင်ဖြစ်နေ သောကြောင့် အစိုးရထံမှ ခွင့်ပြုချက်ယူနေရ သဖြင့် လုပ်ထုံးလုပ်နည်းအရ ကြာမြင့်ခြင်း ဖြစ်ကြောင်း သိရသည်။ 


ယခု လက်ရှိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်း၌ MPT အပြင် ပြည်ပ ဆက် သွယ်ရေး ကုမ္ပဏီများ ဖြစ်သော ကာတာ အခြေစိုက် Ooredoo နှင့် နော်ဝေ အခြေစိုက် Telenor တို့ကို ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ငန်းလိုင်စင်များ ချထားပေးပြီး ဖြစ်ကာ Ooredoo ကုမ္ပဏီသည် ဇူလိုင်လကုန်မှ စတင်ကာ ဆင်းကတ်များ ရောင်းချပေးနေပြီ ဖြစ်သည်။ Telenor ကုမ္ပဏီသည်လည်း စက်တင်ဘာလတွင် စတင်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

Ooredoo ကုမ္ပဏီက ဆင်းကတ်များ ကို (၁၅၀၀) ကျပ်ဖြင့် ရောင်းချခဲ့ သော်လည်း မူလ ဈေးထက် တိုးမြှင့် ရောင်းချမှုများ ရှိနေခြင်း၊ အင်တာနက် သုံးစွဲခများ သတ်မှတ်ရာတွင် အင်တာနက် သုံးစွဲခများ နေခြင်းနှင့်၊ ဆင်းကတ်ကို ဖုန်းတိုင်းတွင် အသုံးပြုနိုင်ခြင်း မရှိသည့် အခြေ အနေ များနှင့် ကြုံတွေ့နေရသည်။

messenger , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment