Pages

Pages - Menu

Wednesday, August 13, 2014

ကွင်းအတွင်းသို့ iPad များ သယ်ဆောင် အသုံးပြုခြင်းကို မန်ချက်စတာ ယူနိုက်တက် တားမြစ်


RangonNewsDaily:: August . 13 .2014
နာမည်ကျော် ဘောလုံးအသင်းတစ်သင်း ဖြစ်သော မန်ချက်စတာယူနိုက်တက် သည် ၎င်း၏ အိုးထရတ်ဖို့ဒ်ကွင်း အတွင်းသို့ iPad အပါအဝင် screen အရွယ်အစား ကြီးမားသည့် ထုတ်ကုန်များ သယ်ဆောင်အသုံးပြုခြင်းကို တားမြစ်ခဲ့သည်။

အိုးထရတ်ဖို့ဒ်ကွင်းသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်များသည် ၁၅၀ မီလီမီတာ x ၁၀၀ မီလီမီတာ အရွယ်အစားထက် ပိုမိုကြီးမားသော ထုတ်ကုန်များကို သယ်ဆောင်အသုံးပြုနိုင်မည် မဟုတ်ကြောင်း၊ ၎င်းတားမြစ်ချက်သည် အထူးသဖြင့် iPad များ၊ အခြားသော tablet ထုတ်ကုန်များနှင့် laptop များ သယ်ဆောင်အသုံးပြုမှုကို တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မန်ချက်စတာယူနိုက်တက်သည် အရွယ်ကြီးမားသည့် ကင်မရာများ သယ်ဆောင် အသုံးပြုခြင်းကို တားမြစ်ခဲ့ကြောင်း Guardian မှ ဖော်ပြခဲ့သည်။ အသင်းမှ သယ်ဆောင်ရန် တားမြစ်ခဲ့သည့် အရာများတွင် အချိုရည်ဗူးများ၊ အမည်းရောင် ပလတ်စတစ်ပုလင်းများ၊ ရေသန့်ပုလင်းများ၊ အချိုရည်ပုလင်းများ၊ ကတ်ထူဗူးများ၊ ဓားများ၊ လက်နက်များ၊ အရွယ်ကြီးမားသည့် အိတ်များ၊ လက်ဆွဲသေတ္တာများ၊ အရွယ်ကြီးမားသည့် ထီးများ၊ အလံများနှင့်၂ မီလီမီတာ x ၁ မီလီမီတာ အရွယ်ထက် ကြီးမားသည့် ခေါင်းစီးစာတန်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ တားမြစ်ချက်တွင် လုံခြုံရေးကာကွယ်မှုများကြောင့်ဟု ဖော်ပြခဲ့သော်လည်း အရွယ်အစားကြီးမားသည့် နည်းပညာထုတ်ကုန်များကို တားမြစ်ရခြင်းမှာ ကစားပွဲများကို ဖမ်းယူရိုက်ကူးမှုများ ပြုလုပ်ခြင်းနှင့် ၎င်းထုတ်ကုန်များကြောင့် ပွဲကြည့်စင်အနောက်ဘက်ရှိ ပရိသတ်များ၏ မြင်ကွင်းကို ကွယ်စေနိုင်ခြင်းတို့ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း ဆိုသည်။

အိုးထရတ်ဖို့ဒ်တွင် ပရိသတ် ၇၅,၇၃၁ ဦး ဝင်ဆံ့ပြီး ၎င်းသည် အင်္ဂလန်တွင် ဝင်ဘလေကွင်းပြီးနောက် ဒုတိယ အကြီးဆုံး ဘောလုံးကွင်းဖြစ်သည်။

CNET ,Internet Journal , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment