Pages

Pages - Menu

Friday, August 1, 2014

အခွန် ရှောင်တိမ်းမှုကြောင့် မက်ဆီ ထောင်ခြောက်နှစ် အထိ ပြစ်ဒဏ်ကျနိုင်


RangonNewsDaily:: August . 1 .2014
ကမ္ဘာကျော် ဘောလုံးသမားမက်ဆီသည် အခွန်ရှောင်တိမ်းမှုပြစ်မှုကို ကျူးလွန်ကြောင်း ထင်ရှားပါက

 ထောင်ခြောက်နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံ ရနိုင်သည်ဟု TIME သတင်းစာက ဖော်ပြခဲ့သည်။
ထိုသတင်းစာ၏ဖော်ပြမှုတွင် မက်ဆီနှင့် ၎င်း၏ဖခင် ဂျိမ်းစ်မက်ဆီတို့ နှစ်ဦးစလုံးသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ခြောက်နှစ် သို့မဟုတ် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃၂ သန်း ပေးဆောင်ရမည်ဟု ပါရှိသည်။

ဘာစီလိုနာအတိုက်စစ်မှူး မက်ဆီသည် ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အခွန်ပေးဆောင်ခြင်းမရှိသည့်
အတွက် ဒဏ်ငွေ ယူရို ငါးသန်း ဒဏ်ကြေး ပေးဆောင်ခဲ့ ရပြီး ဖြစ်သည်။ သို့သော် ကက်တလန်ဒေါသ ဂါဗာတရားရုံးမှ တရားသူကြီးက မက်ဆီနှင့် ၎င်း၏ဖခင်သည် ပုံရပ်အသုံးပြုခများတွင် အခွန်ရှောင်တိမ်းမှုများ ရှိနေသေးသည်ဟု ယုံကြည်သည့်အတွက် ထပ်မံ တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုကဲ့သို့ သတင်းများထွက်ပေါ်လာပြီးနောက်တွင် မက်ဆီသည် လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် ပဟေဠိ

ဆန်သော စာသားများကို ရေးသားခဲ့သည်။ “သိုးတစ်ကောင်ရဲ့ အမြင်တွေကို ခြင်္သေ့က စိုးရိမ်ပူပန်နေမှာ မဟုတ်ဘူး” ဆိုပြီး ရေးသားခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် တစ်နှစ်လျှင် ၀င်ငွေ ပေါင် ၃၁ သန်းအထိရှိပြီး အားကစားလောကတွင် ၀င်ငွေမြင့်မားသော ကစားသမားတစ်ဦး ဖြစ်သည်။ Forbes မဂ္ဂဇင်း၏ ထုတ်ပြန်ကြေညာချက်အရ မက်ဆီသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်ဝင်ငွေ အမြင့်မားဆုံး ကစားသမားဖြစ်သည်။

Ref: TIME ,Mizzima , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment