Pages

Pages - Menu

Wednesday, August 13, 2014

သရေစာနှစ်မျိုးကို စားသုံးရန်မသင့်ဟု ကြေညာ

RangonNewsDaily:: August . 13 .2014
ဈေးနှင့် ကျောင်းမုန့်ဈေး တန်းများမှ ရောင်းချနေသောမုန့် များကို ၀ယ်ယူစစ်ဆေးရာ ရွှေစံ အိမ်ရှူးရှဲလက်ဖက်နှင့် YIMAO- Foodအမှတ်တံဆိပ်တို့၌ ဆိုးဆေး များပါဝင်နေခြင်းကြောင့် ပြည်သူ များစားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသတင်း ထုတ်ပြန်သည်။
၎င်းအမှတ်တံဆိပ်များတွင် Auramine O နှင့် Orange II စ သည့်ဆိုးဆေးများပါဝင်နေသည် ဟု သြဂုတ် ၁၂ရက်ထုတ်နိုင်ငံပိုင်သတင်းစာများ၌ အသိပေး ကြေညာထားသည်။ထို့အပြင် အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်း ချသူများသည်အစားအသောက် တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြု ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူသွားမည်ဟု ပါရှိသည်။

အလားတူသြဂုတ်လပထမ ပတ်အတွင်းကလည်းအမှတ်တံ ဆိပ်မပါရှိသော ဆိုးဆေးပါဝင် သည့် ပန်းပွင့်ပုံဝေဖာကိုကျောင်း မုန့်ဈေးတန်းတွင် စစ်ဆေးတွေ့ရှိ ခဲ့ခြင်းကြောင့် စားသုံးရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ကြေညာခဲ့သည်။
::
အဆိုပါ ဆိုးဆေးပါဝင်သော အစားအသောက်များ စားသုံးမိ ပါက အစာအိမ်လမ်းကြောင့်နှင့် ပတ်သက်သည့် ကင်ဆာရောဂါ အမျိုးမျိုးခံစားရနိုင်ပြီးထိုကဲ့သို့မ ဖြစ်ပေါ်စေရန်အတွက်နိုင်ငံတော် အစိုးရနှင့်ထုတ်လုပ်ဖြန့်ဖြူးတင် သွင်းရောင်းချသူများမှ အစားအ သောက်များလုံခြုံစိတ်ချမှုရှိစေ ရန်အတွက် တာဝန်ယူပေးရမည် ဖြစ်ကြောင်း ဆေးပညာနယ်ပယ် မှ ကျွမ်းကျင်သူအချို့ကသုံးသပ် ပြောဆိုကြသည်။

‘‘ဒီပစ္စည်းတစ်ခုအရည်အ သွေးပြည့်မီဖို့အတွက် ထုတ်လုပ် သူ၊ ဖြန့်ဖြူးရောင်းချသူတွေမှာ တာဝန်ရှိတယ်။ သူတို့ ထားပုံသိုပုံ မှန်မှ စားသုံးသူက ပစ္စည်းကောင်း ရမှာ။ FDAကလာမှာမို့လို့ သူတို့ က ဒီအချိန်မှာ ဒီဟာမထည့်ဘူးလို့မဟုတ်ဘူး။
::
လုပ်တဲ့သူရဲ့သဘော က အမြဲတမ်းမထည့်ဘူး။ ထည့်လိုက်၊ မထည့်လိုက်ဆိုတော့ တွေ့လိုက်၊ မတွေ့လိုက်ဖြစ်တတ်တယ်။ တွေ့တဲ့ဟာရှိသလို မတွေ့တဲ့ဟာ လည်းရှိတယ်’’ဟု အင်တာဗျူး တစ်ခု၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ရန်ကုန်တိုင်းတာဝန်
ခံဒေါ်ခင်စော လှကဆိုသည်။
::
လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း
၍ ကျောင်းမုန့်ဈေးတန်းများသို့လည်း ကောင်း၊ မြို့တော်စည်ပင်ကျန်း မာရေးဌာနနှင့်ပူးပေါင်း၍ ဈေးများသို့လည်းကောင်းအစားအ သောက်များသန့်ရှင်းမှုရှိ၊မရှိနှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ် လျက်ရှိကြောင်း တိုင်းကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။

7Day DAILY ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment