Pages

Pages - Menu

Friday, August 29, 2014

တက္ကသိုလ်အားလုံးကို အင်တာနက်စနစ် ချိတ်ဆက်ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးပြော

RangonNewsDaily:: August . 28 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်တွင်းရှိတက္ကသိုလ်အားလုံးကို အခမဲ့အနေဖြင့် အင်တာ နက်လိုင်း ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။
ပြည်တွင်း၌ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်ရှိပြီး အဆိုပါတက္ကသိုလ်များအနေဖြင့် အင်တာနက်စနစ် ချိတ်ဆက်လိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်နိုင်ကြောင်း ဦးမျိုးဆွေကပြောသည်။

“ဆက်သွယ်လာရင် ချိတ်ပေးမှာပေါ့။ ပစ္စည်းပိုင်းတော့ မပါဘူး။ အင်တာနက်သုံးဖို့အတွက် Brandwidth တစ်ခုပေးမယ့် သဘောပါ”ဟု ၎င်းက ဆိုသည်။


တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အင်တာနက်ကွန်ရက်ကို အသုံးပြု၍ လေ့လာမှုများ ပြုလုပ်နိုင်ရန် စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ ပေးအပ်သည့် Brandwidth နှင့်အတူ တက္ကသိုလ် နယ်မြေအတွင်း အခမဲ့ Wifi အင်တာနက်စနစ်ကို ပြန်လည်ပေးဝေ အသုံးပြုရန်ဖြစ်သည်ဟု သိရသည်။


“Wifi သုံးဖို့ လူအရေအတွက် နည်းနည်းလောက်ကိုပဲ ပေးနိုင်တယ်။ ကျောင်းသားလူဦးရေနဲ့ ယှဉ်ရင် Wifi သုံးဖို့ ခွင့်ပြုပေးထားတဲ့ အရေအတွက်က နည်းနည်းလေးပါ။ အခုက ပိုဆိုးတယ်။ ကျောင်းသားတိုင်းက မိုဘိုင်းဖုန်း ကိုင်ကြတော့ Wifi အပြည့်ပေးနိုင်ဖို့က မလွယ်ဘူး”ဟု ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) မှ ဆရာတစ်ဦးက ဆိုသည်။


လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ရခိုင်ပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေဖြင့် စစ်တွေ တက္ကသိုလ်တွင် Wifi အင်တာနက်စနစ်ကို ချိတ်ပေးနိုင်ခဲ့သည့်အပြင် ရေဆင်းတက္ကသိုလ်တွင်လည်း သြဂုတ်လအတွင်း Wifi အင်တာနက်စနစ်ကို ချိတ်ဆက်ပေးနိုင်ခဲ့သည်ဟု သိရသည်။ တက္ကသိုလ်များ၌ အင်တာနက်စနစ်ချိတ် ဆက်ပေးခြင်းသည် နောင်အချိန်၌ နိုင်ငံခြားတက္ကသိုလ်များနှင့် ချိတ်ဆက်၍ ပညာသင်ကြားနိုင်ရန်အထိ ရည်ရွယ်ထားကြောင်း သိရသည်။


ထို့အပြင် အော်ပရေတာအသစ် တစ်ခုအနေဖြင့် လုပ်ငန်းများစတင် လုပ်ကိုင်နေပြီဖြစ်သည့် Ooredoo ကုမ္ပဏီသည် Telecenters ပေါင်း တစ်သောင်းခန့်ကို တက္ကသိုလ်များနှင့် ဆေးရုံများ၌ တည်ထောင်ပေးသွားမည်ဟု မြန်မာအစိုးရထံ ဆက်သွယ်ရေး အော်ပရေတာလိုင်စင် လျှောက်ထားစဉ်က ကတိပြုပြောကြားထားသည်။


Internet Journal , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment