Pages

Pages - Menu

Wednesday, August 13, 2014

စစ်မှုထမ်းဥပဒေဖြင့် တာဝန်ထမ်းဆောင်နေသူ တောင်ကိုရီးယားနှစ်ဦး မိမိကိုယ်ကို သတ်သေ


RangonNewsDaily:: August . 13 .2014
တောင်ကိုရီးယားနိုင်ငံတွင် မဖြစ်မနေစစ်မှုထမ်းဥပဒေဖြင့် တာဝန် ထမ်းဆောင်နေသူ အမျိုးသားနှစ်ဦး သြဂုတ် ၁၁ ရက်က မိမိကိုယ်ကို သတ်သေသွားခဲ့သည်။

၎င်းတို့နှစ်ဦးသည် မြို့တော် ဆိုးလ်ရှိ နေအိမ်တစ်အိမ်တွင် ဆွဲကြိုးချ သေသွားခဲ့သည်ဟု ယွန်ဟပ်သ တင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တောင်ကိုရီးယားစစ်တပ်အတွင်း ဖြစ်ပွားနေသည့် ပြဿနာအချို့ကြောင့် ကြံ့ခိုင်မှုအားနည်းသော ကိုရီးယားလူငယ်များအနေဖြင့် စစ်တပ်သို့ ၀င်ရေးအတွက် စိုးရိမ်ပူပန်မှုများ လွန်ခဲ့သည့် လအနည်း ငယ်မှစ၍ မြင့်တက်ခဲ့သည်။

ဇွန်လအတွင်း ကိုရီးယားစစ်သားတစ်ဦးကို တပ်ဖွဲ့ဝင် ငါးဦးကို ပစ်သတ်ခဲ့ပြီး မိမိကိုယ်ကို ပစ်သတ်ခဲ့ သော်လည်း အသက်ရှင်ခဲ့ သည်။ ဇူလိုင်လအတွင်းကလည်း ယာယီစစ်မှုထမ်းနှစ်ဦးသည် မိမိကိုယ်ကို သတ်သေသွားခဲ့သည်။ ၎င်းတို့ သုံးဦးစလုံးသည် စစ်တပ်အား ပြဿနာရှာနိုင် သူများအဖြစ် စောင့်ကြည့်ခံထားရသူများ ဖြစ်သည်။

စစ်သားများ၏ အနိုင်ကျင့်နှိပ်စက်မှုကြောင့် ဧပြီလအတွင်းကလည်း တပ်ဖွဲ့ဝင်အသစ်တစ်ဦး သေဆုံးခဲ့ရခြင်းအပေါ် တောင်ကိုရီးယားတွင် အထိတ်တလန့်ဖြစ်စေခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်အသစ်သည် အစာနင်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သော် လည်း လူအခွင့်အရေးအုပ်စုတစ်ခုကမူ ၎င်းသည် ဦးခေါင်းကို ထိုးကြိတ်ခံခဲ့ရပြီး သေဆုံးသွားခြင်းဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းအနေဖြင့် စစ်တပ်အတွင်း စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခံရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ ရာ စစ်သား ခြောက်ဦး ဖမ်းဆီးခံ ခဲ့ရပြီး လေးဦးအား လူသေစေမှုဖြင့် တရားစွဲဆိုခဲ့သည်။

သြဂုတ် ၁၁ ရက် သေဆုံးသွားခဲ့သည့် တပ်သားသစ်နှစ်ဦးမှာလည်း ညှဉ်းပန်းနှိပ်စက်မှု ပြဿနာ ဖြစ်ပွားခဲ့သည့် တပ်စိတ်မှုပင်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးက စစ်တပ်အတွင်း အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်မှုများ လုပ်ဆောင်ရန် သြဂုတ် ၁၁ ရက်က တိုက်တွန်းခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ မဖြစ်မနေစစ်မှုထမ်းဥပဒေအရ အမျိုးသားအားလုံးသည် နှစ်နှစ်ခန့် စစ်တပ်တွင် တာဝန်ထမ်းဆောင်ရသည်။ အဆိုပါ ကာလသည် ကမ္ဘာပေါ်တွင် ယင်းဥပဒေဖြင့် ကာလအကြာဆုံး စစ်မှုထမ်းရသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး အသက် ၂၀ ပြည့်ပြီးနောက် ပိုင်း စတင်ထမ်းဆောင်ရသည်။

BBC , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment