Pages

Pages - Menu

Saturday, August 16, 2014

မြေးခြောက်ယောက်တို့ရဲ့အဖွား ပြုပြင်ခွဲစိတ်မှုများ ပြုလုပ်ပြီး နှစ် ၂၀ ခန့် နုပျိုသွား


RangonNewsDaily:: August . 15 .2014
အင်္ဂလန်နိုင်ငံမှ အင်ဒီရာဘူချန်ဆိုသည် မြေးခြောက်ယောက်တို့၏ အဖွားသည် ပေါင် ၃၅၀၀၀ (ဒေါ်လာ ၅၀၀၀၀ ခန့်) အကုန်အကျခံကာ ခန္ဓာကိုယ် ခွဲစိတ်ပြုပြင်မှုများကို ပြုလုပ်ခဲ့ရာ နှစ် ၂၀ ခန့် ပိုမိုနုပျိုသွားခဲ့သည်။
မျက်နှာမှ အရေးကြောင်းများ ပြုပြင်ခြင်း၊ ပါးရေတွဲနှင့် မျက်နှာအသားအရေ တင်းရင်းအောင်လုပ် ဆောင်ခြင်း၊ ရင်သားပြုပြင်ခြင်း၊ ခါးအဆီလျော့ချခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ငယ်စဉ် ကျောင်းတက်စဉ်ကပင် ကိုယ်ခန္ဓာကိုယ် ၀လွန်းသည့်အတွက် လှောင်ပြောင်ခံခဲ့ရပြီး အစာလျော့စားခြင်းစသည့် နည်းအမျိုးမျိုးဖြင့် အင်ဒီရာဘူချာ သည် ကိုယ်ခန္ဓာလှပအောင် ကြိုးပမ်းခဲ့သည်။

နောက်ဆုံးတွင် အကုန်အကျများသော်လည်း အင်ဒီရာသည် ခွဲစိတ်ပြုပြင်မှုများ လုပ်ဆောင်ရန် ဆုံး ဖြတ်ခဲ့ခြင်းပြီး ယခုအခါ ကိုယ်ခန္ဓာနှင့်ပတ်သက် ၍ ကျေနပ်မှုရှိသော်လည်း ကျန်ရှိသည့်နေရာများကို ဆက်လက်ခွဲစိတ်ပြုပြင်မှု လုပ်သွားမည်ဟု ဆိုသည်။

“ကျွန်မလုပ်တာတွေက လွန်လွန်းတယ်လို့ လူတွေက ဝေဖန်ကြပါလိမ့်မယ်။ ဒါပေမယ့် အခုလို နုပျိုသွားတာကို ကျွန်မကျေနပ်တယ်။ ဒါဟာ ကျွန်မအတွက် အရေးကြီးပါတယ်” ဟု အင်ဒီရာက ပြောသည်။

Daily Mail , Mizzima , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment