Pages

Pages - Menu

Thursday, August 21, 2014

ဗီယက်နမ်မှာလည်း အီဘိုလာ သံသယရှိသူနှစ်ဦး တွေ့ရှိထား

RangonNewsDaily:: August . 20 .2014
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ဆေးရုံမှာ နိုင်ဂျီးရီးယားသားနှစ်ဦးကို အီဘိုလာ သံသယရှိသူတွေအဖြစ် သီးခြားခွဲထားကာ စောင့်ကြည့်နေတယ်လို့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။ ၄င်းတို့နှစ်ဦးဟာ နိုင်ဂျီးရီးယားကနေ လေယာဉ် နဲ့ ရောက်ရှိလာကြတာဖြစ်ပြီး ဖျားနာတဲ့လက္ခဏာတွေ တွေ့ရှိထားပေမယ့် တခြားလက္ခဏာတွေတော့ မတွေ့ရသေးဘူးလို့ဆိုပါတယ်။
သူတို့ရဲ့ ဘေးမှာ ထိုင်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားကနေလာပြီး ကာတာကနေတစ်ဆင့် ဗီယက်နမ်ကိုရောက်ရှိလာကြတဲ့ လေယာဉ်အတူစီးခရီးသည် တွေကိုလည်း ကျန်းမာရေးအခြေအနေသတိပြုကြဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း အီဘိုလာ သံသယရှိသူမြန်မာတစ်ဦးကို ဆေးရုံတင်ထားကာ အီဘိုလာ ဟုတ်မဟုတ် စမ်းသပ်

စစ်ဆေးမှုလုပ်နေ တယ်လို့ သိရပါတယ်။ 

၂၂နှစ်အရွယ် အမျိုးသားဟာ ဂီနီ ကနေပြန်လာသူဖြစ်တယ်လို့ သိရပြီး လိုက်ဘေးရီးယားကိုလည်း ရောက်ရှိခဲ့ သေးတယ်လို့ ယူဆရကြောင်း မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးစင်တာ( CDC)ရဲ့ တရားဝင်ဖေ့စ်ဘုတ် စာမျက်နှာ
မှာရေးသားထားကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။ 

၎င်း အာဖရိကနှစ်နိုင်ငံဟာ အီဘိုလာရောဂါ အဓိကကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေထဲက ဖြစ်ပြီး အခုအချိန်အထိ အီဘိုလာကူးစက်မှုကြောင့်သေဆုံးသူ စုစုပေါင်း ၁၂၂၉ဦးရှိလာပြီလို့ ဒဗလျူအိတ်ခ်ျအိုရဲ့ ထုတ်ပြန်ချက်အရသိရ ပါတယ်။

Ref: AFP , Kumudra , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment