Pages

Pages - Menu

Sunday, August 31, 2014

ရန်ကုန်မြို့သစ် စီမံကိန်း သတင်း ထုတ်ပြန်ချက်


RangonNewsDaily:: August . 31 .2014
၁။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့ အစိုးရ အနေဖြင့် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲလာမှုကြောင့် မြို့တိုးချဲ့ တည်ဆောက်ပေးရန် အထူးလိုအပ် လျက် ရှိပါသည်။ 
ထိုသို့ မြို့တိုးချဲ့မှုကို လက်ရှိရန်ကုန်မြို့၏ အနောက် ဘက်တွင် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြား မြေနေရာများကို လျာထားပါသည်။

၂။ အစိုးရသစ် တာဝန်ယူသည့် ကာလမှ စတင်၍ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို နိုင်ငံတကာမှ ပံ့ပိုးကူညီမှု များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လူထုဆန္ဒ သဘောထားများ လေ့လာ ဆန်းစစ်ခြင်း၊ ဖြည့်ဆည်းပေးရမည့် အခြေခံ အဆောက် အအုံများ အပါအဝင် ဖြစ်နိုင်စွမ်းလေ့လာ ဆန်းစစ်ခြင်း၊ Conceptual Plan များ ရေးဆွဲခြင်း တို့ကို ဆောင်ရွက် ခဲ့ပါသည်။
::
နိုင်ငံတော် အပိုင်းမှ ထိုသို့ ဆောင်ရွက်သကဲ့သို့ ပုဂ္ဂလိက ကဏ္ဍမှ စိတ်ဝင်စား သူများကလည်း မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို စွမ်းဆောင်နိုင်မှု အတိုင်းအတာ အလိုက် ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြပါသည်။

၃။ ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် အခြားစီမံကိန်းများ တည်ဆောက်သကဲ့သို့ နိုင်ငံတော်၏ ဘဏ္ဍာငွေ ကုန်ကျသုံးစွဲမှု မပြုဘဲ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ပြီး Developer များ၊ ဒေသခံ ပြည်သူလူထု များအပြင် လူတန်းစား အလွှာ အသီးသီးနှင့် ရင်းနှီးမြှုပ်နှံလိုသူများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန် ရည်မှန်းပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
::
၎။ ယခုအချိန်တွင် ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည် ဖော်ရန် နိုင်ငံတော်သို့ တင်ပြပြီး ခွင့်ပြုချက် ရယူလျက် မြို့မြေ သတ်မှတ်ရေး လုပ်ငန်းစဉ်များကို တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ နှင့်အညီ ဆက်လက် ဆောင်ရွက် လျက်ရှိပါသည်။
::
၅။ သို့ဖြစ်ပါ၍ မကြာမီ အချိန်ကာလတွင် ပွင့်လင်းမြင်သာစွာဖြင့် ရန်ကုန်မြို့သစ် စီမံကိန်း Developer တင်ဒါခေါ်ယူခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အားလုံး ပူးပေါင်းပါဝင်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးသွား မည် ဖြစ် ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့
မြ၀တီ :: 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment