ရန်ကုန်- ရန်ကုန်မြို့အရှေ့ပိုင်းခရိုင်အတွင်းရှိ တရားရုံးများတွင် ရုံထုတ်စစ်ဆေးရန်ခေါ်ဆောင်လာသော အချုပ်သား ၄၀ ဦး လိုက်ပါလာသည့် အချုပ်ကားသည် တောင်ဥက္ကလာမြို့နယ်ဝေဇန္တာလမ်းတွင် လမ်းဘေးဓာတ်တိုင်ဝင်တိုက်ကာ ရေမြောင်းအတွင်းတိမ်းမှောက်သွားခဲ့သည်။
ယနေ့နံနက် ၉ နာရီဝန်းကျင်အချိန်တွင် အင်းစိန်ထောင်မှယာဉ်မောင်တပ်ကြပ်ကျော်ကျော်ဦးမောင်းနှင်း
လာသော အချုပ်သား ၄၀ ဦးလိုက်ပါလာသည့် ကားသည် တောင်ဥက္ကလာမြို့နယ်၊ ၃ ရပ်ကွက်၊ (၁၁) လမ်း
ထိပ်အရောက်တွင် ကားစီယာတိုင်အုံပြုတ်ထွက်ကာ လမ်းဘေးဓါတ်တိုင်အား ဝင်တိုက်ပြီး ရေမြောင်း
အတွင်းသို့ ကျသွားခြင်း ဖြစ်သည်။
တိမ်းမှောက်သွားသော အချုပ်ကားကို ပြန်လည်တည့်မတ်နေစဉ် (ဓာတ်ပုံ- နစ်ကီ)
7Day Daily, KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment