Pages

Pages - Menu

Monday, August 25, 2014

အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာသူများ၏ နောက်ကွယ်တွင် မည်သည့်လုပ်ငန်းများ လုပ်ကိုင် နေသည်ကို စုံစမ်းဖော်ထုတ်သွားမည်ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူး ပြောကြား


RangonNewsDaily:: August . 25 .2014
မြန်မာနိုင်ငံတွင် အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာသူများ၏ နောက်ကွယ်တွင်မည်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည်ကို စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့(FIU) မှ ဒုတိယတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ဝင်းသိန်းက ဩဂုတ် ၂၂ ရက်တွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
“မြန်မာပြည်မှာ အချိန်တိုတိုအတွင်းမှာ ကြီးပွားချမ်းသာသွားတဲ့ သူတွေရှိပါတယ်။ အဲလိုကြီးပွားချမ်းသာသွားတဲ့ သူတွေရဲ့နောက်ကွယ်မှာ ဘာလုပ်ငန်းတွေရှိလဲ။ အဲဒါတွေလုပ်ဖို့အတွက် ကျွန်တော်တို့အဖွဲ့ကို ဖွဲ့စည်းတာဖြစ်ပါတယ်။ အဲဒါတွေလုပ်ဖို့လည်း ကျွန်တော်တို့ဆီမှာ အစီအမံတွေရှိပါတယ်။ 

ဘယ်နေရာမှာ ဒီလိုဟာမျိုးတွေဖြစ်နေလဲဆိုတာ National Risk Assessment လုပ်သွားမှာပါ။ ဝန်ထမ်းတွေကြားထဲမှာ ဖြစ်တာလား။ နယ်စပ်တွေမှာ ဖြစ်တာလား။ ဘိန်းလုပ်ငန်းတွေက ဖြစ်တာလား။ ဘယ်ဝန်ကြီးတွေကရော ဘာလို့ဒီလောက်ကြီးပွား ချမ်းသာနေသလဲ။ ဒီဝန်ကြီးကရော နဂိုဘိုးဘွားပိုင် ကြီးပွားချမ်းသာခဲ့တာ ဟုတ်ရဲ့လား။ ဒါတွေဟာ နောက်ပိုင်းမှာ ဖြစ်လာတော့မှာပါ။
::
နောက်တစ်ခုက အကျင့်ပျက်ခြစားမှုတွေပါ။ အခုချိန်မှာတော့ ဥပဒေအရ ဖွဲ့သင့်ဖွဲ့ထိုက် တဲ့အဖွဲ့တွေ စဖွဲ့လိုက်ပါပြီ။ ဗဟိုအဖွဲ့ဖွဲ့စည်း ပြီးတာနဲ့ နည်းဥပဒေထွက်အောင် လုပ်သွားမှာပါ။ ဗဟိုအဖွဲ့မှာတော့ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အခြားအဖွဲ့ဝင်တွေပါဝင်မယ်။ 

အခုကျွန်တော်တို့က ဒါနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေက စနေပါပြီ။ စစချင်း internal working group တွေကို ကြေးတိုင်နဲ့ မြေစာရင်းက မြေယာနဲ့ပတ်သက်တဲ့ အဖွဲ့တွေပါ တယ်။ စည်ပင်ပါတယ်။ အကောက်ခွန်က လူတွေပါတယ်။ ရှေ့နေချုပ်ရုံးက လူတွေပါတယ်။ အဲဒီအဖွဲ့တွေနဲ့ working group ကစဖွဲ့ရမယ်။ လာမယ့်စက်တင်ဘာမှာ IMF အဖွဲ့ တွေနဲ့ တိုင်ပင်ပြီးအကြံဥာဏ်တွေ ရယူသွားမယ်” ဟု ၎င်းကပြောကြားခဲ့သည်။
::
မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအား ပြီးခဲ့သည့်မတ်လတွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေထွက်ပေါ်လာရန် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

အလားတူ မြန်မာနိုင်ငံတွင် အလွန်အမင်းချမ်းသာနေသော ဝန်ကြီးများနှင့် ပတ်သက်၍သတင်းပေးပါက အရေးယူရန် ရှိပါသလားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ “သတင်းပေးလို့ ရပါတယ်။ သတင်းပို့လို့ရတဲ့ဌာနတွေကိုလည်း အများကြီးလုပ်သွားဖို့ရှိပါတယ်။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးမှာ သတင်းပေးတဲ့အဖွဲ့တွေအပြင် အခြားမြင်တာ ကြားတာတွေ ရှိရင်လည်း သတင်းပေးလို့ရပါတယ်။
::
နိုင်ငံသားတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်းအရေးပါပါတယ်။ တစ်ခုရှိတာက ပေးတဲ့သတင်းက ခိုင်ခိုင်မာမာတော့ ရှိဖို့လိုပါတယ်။ သတင်းပေးတဲ့သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ securityရှိပါတယ်။ ဘဏ်ကဝန်ထမ်းတွေဆိုလည်း ဒီလိုပါပဲ။ 

ဥပမာ-ဝန်ထမ်းကနေ ကျွန်တော်အငြိမ်းစားယူသွားတဲ့အထိ ဘယ်ဘဏ်ကနေဘယ်ကို သတင်းပေးတယ်ဆိုတာ ပြောခွင့်မရှိပါဘူး။ သတင်းပို့တဲ့သူကို ကျွန်တော်တို့ လျှိ့ဝှက်ထားရမယ်ဆိုတာ ဥပဒေမှာလည်း ရှိပါတယ်။ 
::
ကျွန်တော်တို့ကို သတင်းတိတိကျကျခိုင်ခိုင်မာမာပေးရင် ကျွန်တော်တို့ရဲ့ processက စစ်ဆေးမှုဆိုတာထက် ပထမဦးဆုံး စုံစမ်းသွားမှာပါ။ စုံစမ်းမယ် ပြီးရင်စစ်ဆေးမယ်။ စစ်ဆေးပြီးလို့ ပေါ်ပေါက်လာတယ်ဆိုရင် တရားစွဲဖို့တင်မယ်။ ပြီးရင်ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

သို့သော် ၎င်းတို့အဖွဲ့အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်း အဖွဲ့အစည်းတစ်ခုချင်းကို forecastလုပ်သွားမည်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
::
ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့FIU မှ တာဝန်ရှိသူနှင့် သတင်းထောက်များ တွေ့ဆုံမေးမြန်းနေစဉ်

Eleven Media ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment