Pages

Pages - Menu

Sunday, August 3, 2014

ကမာရွတ်မြို့နယ်၌ ကားနှစ်စီးလမ်းကြောင်းလုမောင်းကာ ရိုက်နှက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား သက်ဆိုင်ရာက စတင်စစ်ဆေး

RangonNewsDaily:: August . 3 .2014
ကမာရွတ်မြို့နယ်၌ ကားနှစ်စီးလမ်းကြောင်းလုမောင်းကာ ရိုက်နှက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား သက်ဆိုင်

ရာရဲစခန်းက စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ဩဂုတ် ၁ ရက်တွင် စုံစမ်းသိရသည်။“အဲဒီဖြစ်စဉ်ကို ဒီနေ့
မှာပဲ စတင်စစ်ဆေးနေပါတယ်။
အခု တော်ဝင်မိသားစု ဆောက်လုပ်ရေးဘက်ကို စစ်ဆေးနေပါပြီ။ နှစ်ဖက်စလုံးကို ခေါ်ယူစစ်ဆေးပြီး
ရင်တော့ ဥပဒေအရ အရေးယူသွားဖို့ ဆောင်ရွက်သွားမှာပါ” ဟု ကမာရွတ်မြို့မရဲစခန်းက ရဲအရာရှိ
တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၂၂ရက်တွင် တော်ဝင်မိသားစု ဆောက်လုပ်ရေးလုပ်ငန်းဘက်မှ အလုပ်သမားများ တင်ဆောင်လာသော ဒေါင်ဖန်းယာဉ်နှင့် ဆူဇူကီးယာဉ်တစ်စီးတို့ ကမာရွတ်မြို့နယ်တွင် လမ်းကြောင်း

လုမောင်းပြီး စကားများကြရာမှ စတင်ကာ ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှုခင်းစစ်ချက်များအရ သိရသည်။

ယင်းဖြစ်စဉ်ကို ဒေါင်ဖန်းယာဉ်နှင့် ဆူဇူကီးယာဉ်တို့ လမ်းကြောင်းလုမောင်းကြရင်း စကားများခဲ့ကြရာမှ ဆူဇူကီးယာဉ်ဘက်မှ ရေသန့်ဘူးဖြင့် ပစ်ပေါက်ခဲ့ကြောင်း၊ ပစ်ပေါက်သော်လည်း ဒေါင်ဖန်းယာဉ်အားမထိ

ခဲ့ဘဲ ဆက်လက်မောင်းနှင်လာကြစဉ် ကမာရွတ်မြို့နယ် ဟံသာဝတီမီးပွိုင့်အရောက်၌ ဒေါင်ဖန်းယာဉ်ပေါ်မှ လူ ၃ဝ ဦးခန့် ဆင်းလာကာ ဆူဇူကီးယာဉ်ရှေ့တွင် ပိတ်ရပ်ခဲ့ကြောင်း၊ ဆူဇူကီးယာဉ်မှ ယာဉ်မောင်းမှ ဆင်းလာစဉ် ၎င်းနှင့် ၎င်းညီဝမ်းကွဲတော်စပ်သူကိုပါ ဝိုင်းရိုက်ကြသဖြင့် ဒဏ်ရာရရှိကာ ဆေးကုသမှုခံ
ယူနေရသည်ဟုဆိုကာ ဆူဇူကီးယာဉ်ဘက်မှ ဇူလိုင် ၂၃ ရက်တွင် တိုင်တန်းအမှုဖွင့်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား ဒေါင်ဖန်းယာဉ်ဘက်မှလည်း ၎င်းတို့၏ယာဉ်မှ ဟံသာဝတီမီးပွိုင့် အရောက်တွင် ဆူဇူကီး

ကား ဖြတ်ဝင်လာခဲ့သဖြင့် တိုက်မိမလို ဖြစ်ပွားသဖြင့် နှစ်ဖက်စကားများခဲ့ကြပြီး ဆူဇူကီးယာဉ်က နောက်
မှလိုက်လာကာ ယာဉ်မောင်းမှ ဝါးရင်းတုတ်နှင့် လှမ်းရိုက်ခဲ့ကြောင်း၊ 

လူအားမထိဘဲ နောက်ကြည့်မှန်အား ထိမိသွားခဲ့ကြောင်း၊ ယင်းနောက် ဆူဇူကီးယာဉ်နောက်မှ လိုက်ခဲ့ရာ နာနတ်တောလမ်းနှင့် ဘုရင့်နောင်လမ်း မီးပွိုင့်အလွန် ဆင်မလိုက်ဈေးအနီးတွင် ဆူဇူကီးယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ လူခြောက်ဦးခန့် ဆင်းလာသဖြင့် ဒေါင်ဖန်းယာဉ်ပေါ်မှ လူ (၁၅)ဦးခန့်လည်း ဆင်းလာပြီး တစ်ဖက်နှင့် တစ်ဖက်ဆဲဆိုကြိမ်းမောင်း၍ လုံးထွေးသတ်ပုတ် ခဲ့ကြသည်ဟုဆိုကာ ဒေါင်ဖန်းယာဉ်ဘက်
မှလည်း ကမာရွတ် မြို့မရဲစခန်းတွင် ဇူလိုင် ၂၇ ရက်တွင် ပြန်လည်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

Eleven , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment