Pages

Pages - Menu

Monday, August 11, 2014

ဂျီအက်စ်အမ်ဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူငါးသောင်းခန့်ကို ဆက်သွယ်ရေးက ဆမ်းမ်ကတ် သုံးခုရောင်းမည်


RangonNewsDaily:: August . 10 .2014
GSM မိုဘိုင်းဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူ ငါးသောင်းဝန်းကျင်ကို E-Lite ဆိုင်များတွင် ၁၅၀၀ ကျပ်တန် WCDMA ဆင်းမ်ကတ်သုံးခု သွားရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

ကဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
GSMသုံးစွဲသူများထဲမှအများဆုံး ငွေဖြည့်သုံးစွဲသူများကို သြဂုတ် ၇ ရက်မှစတင်၍ ရွေးချယ်ပြီး မက်ဆေ့ခ်ျပို့
မည်ဖြစ်ပြီးထိုမက်ဆေ့ခ်ျ တစ်စောင်ပြ၍ ဆင်းမ်ကတ်သုံးကတ် သွားရောက်ဝယ်ယူနိုင်ရန် ဆောင်ရွက်
ထားခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာမှူးကြီး ဦးအောင်ကျော်သက်
က ပြောသည်။

‘‘မက်ဆေ့ခ်ျရတဲ့သူက လမ်း ညွှန်ထားတဲ့ ဖုန်းကို ဆက်ပြီး ကိုယ်နဲ့နီးစပ်ရာ E-Lite ဆိုင်မှာ သွားဝယ်လို့ရပါ

တယ်’’ ဟု ဦး အောင်ကျော်သက်က ပြောသည်။

မိုဘိုင်းဖုန်းသုံးစွဲမှု အများ ဆုံးအနက် တစ်ရာခိုင်နှုန်းခန့်သာ ကနဦးရွေးချယ်ပြီး မက်ဆေ့ခ်ျများ ပေးပို့ခြင်းဖြစ်

ပြီး ၁၅၀၀ ကျပ်တန် WCDMA မိုဘိုင်းဆင်းမ်ကတ် သုံး ကတ်ကို E-Lite ဆိုင်ခွဲများတွင် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

မက်ဆေ့ခ်ျပို့ရာတွင် လမ်း ညွှန်ထားသည့် ဖုန်းနံပါတ်နှင့် 1876 Call Center များသို့ ဖုန်း ဆက်မေးမြန်းနိုင်ပြီး ရရှိထား သည့် မက်ဆေ့ခ်ျကို ပြသ၍ နီး စပ်ရာ မြို့နယ်ရှိ E-Lite ဆိုင်ခွဲ များတွင် ၀ယ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။

‘‘ဖုန်းနံပါတ်နဲ့ မက်ဆေ့ခ်ျကို သေချာပြောရင် ဘယ်နေရာမှာ အနီးစပ်ဆုံး ၀ယ်လို့ရမလဲဆိုတာ ပြောပေးပါ

တယ်။ MPT က ပို့ ထားတဲ့ မက်ဆေ့ခ်ျတော့ လုံးဝ ဖျက်လို့ မရပါဘူး။ အဲဒါကိုပြပြီး ဆိုင်မှာ သွားထုတ်ရမှာပါ’’ ဟု 1876 Call Center မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မက်ဆေ့ခ်ျတွင် လမ်းညွှန် ထားသည့် ဖုန်းနံပါတ်မှတစ်ဆင့် ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်ပြီး မြန်မာ့

ဆက်သွယ်ရေးလုပ် ငန်းတွင် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားသည့် မက်ဆေ့ခ်ျ ထပ်မံဝင်ရောက်
မည့် အချိန်မှသာ ၁၅၀၀ ကျပ်ဖြင့် သွားရောက်ဝယ် ယူနိုင်မည်ဖြစ်သည်။

ဖုန်းငွေဖြည့်နေသူတစ်ဦး (ဓာတ်ပုံ - ကျော်ဇင်သန်း)


7Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment