RangonNewsDaily:: August . 31 .2014
ဆီနီဂေါနိုင်ငံတွင် အီဘိုလာရောဂါ ပထမဆုံးစတင်ဖြစ်ပွားခဲ့ပြီး အနောက်အာဖရိကတွင် အီဘိုလာ ဖြစ်ပွားသည့် ပဉ္စမြောက်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။
အီဘိုလာကူးစက်ရောဂါကြောင့် အနောက်အာဖရိကတိုက်တွင် သေဆုံးသူ ၁၅၀၀ ကျော်သွားပြီဖြစ် ကာ ဆီနီဂေါနိုင်ငံတွင် သြဂုတ် ၂၉ ရက်က ပထမဆုံးအကြိမ်ရောဂါဖြစ်ပွားမှုကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ရောဂါကူးစက်ခံထားရသူမှာ ဂီနာလူငယ်တစ်ဦးဖြစ်ကြောင်း ဆီနီဂေါကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး ဒါကာဆးရုံတွင် သီးသန့်စောင့်ရှောက် ကုသထားရကြောင်း သိရသည်။
ယင်းလူငယ်သည် ဂီနာမြို့တော်ကိုနာကရီတွင် ရောဂါကူးစက်ခံခဲ့ရဖွယ်ရှိပြီး ဆီနီဂေါနှင့် နယ်စပ်အား သြဂုတ် ၂၁ ရက်က မပိတ်မီ ဆီနီဂေါနိုင်ငံအတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
အီဘိုလာရောဂါ ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၄၉၀ အထိ ကုန်ကျနိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။
Ref:AFP , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment