Pages

Pages - Menu

Sunday, August 24, 2014

ဆိုင်းနိုင်းဒေသ အပန်းဖြေစခန်းအနီး အီဂျစ်ခရီးသွားယာဉ်နှစ်စီး တိုက်မိ၍ လူ ၃၃ ဦး သေဆုံး

RangonNewsDaily:: August . 24 .2014
ယာဉ်နှစ်စီးသည် သြဂုတ် ၂၂ရက် အစောပိုင်းတွင် အပန်းဖြေ စခန်းအနီးမှ ၃၁ မိုင်ခန့်အကွာ၌ တိုက်မိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများတွင် ယူ ကရိန်း၊ ဆော်ဒီအာရေးဗီးယားနှင့် ယီမင်နိုင်ငံသားများ ပါဝင်ပြီး အ ချို့မှာ စိုးရိမ်ရသည်ဟု တာဝန်ရှိ သူများက ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ် အစီး ၃၀ စေ လွှတ်ခဲ့ပြီး ဒဏ်ရာရသူများကို အ နီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ယင်းဒေသ အမြန် လမ်းမကြီးကိုလည်း ပိတ်ထား ကြောင်း အာဏာပိုင်များက ပြော သည်။ ခရီးသွားယာဉ် နှစ်စီး သည် မျက်နှာချင်းဆိုင် တိုက်မိခဲ့ ခြင်း ဖြစ်သည်ဟု အီဂျစ်နိုင်ငံပိုင် သတင်းဌာန Mena က ဖော်ပြ သည်။ အီဂျစ်နိုင်ငံ၏ လမ်းမကြီး များနှင့် ရထားလမ်းများသည် ဘေးအန္တရာယ်ကင်းရှင်းမှု စံချိန် အားဖြင့် ညံ့ဖျင်းသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ တွင် ကိုင်ရိုမြို့၌ ရထားတစ်စီးသည် မီနီဘတ်စ်တစ်စီးနှင့် အခြားသော ယာဉ်များနှင့် တိုက် မိခဲ့ရာ လူ ၂၆ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၁၂ ခုနှစ်ကလည်း ကိုင် ရိုမြို့၌ပင် ရထားတစ်စီးနှင့် ကျောင်းကားတစ်စီး တိုက်မိခဲ့ရာ ကလေးငယ် ၅၀ ဦးခန့် သေဆုံးခဲ့ သည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်က ကိုင်ရိုမြို့၌ ရထားတစ်စီး မီး လောင်၍ လူ ၃၇၃ ဦး သေဆုံးခဲ့ သည်။


BBC , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment