Pages

Pages - Menu

Thursday, August 21, 2014

ဖုန်းကတ် လိုင်းပျောက်၊ လိုင်းပိတ်ခြင်းများအတွက် ပွဲစားများနှင့် ဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားထား

RangonNewsDaily:: August . 20 .2014
ဖုန်းကတ် လိုင်းပျောက်၊ လိုင်းပိတ်ခြင်းများအတွက် ပြန်လည်လျှောက်ထားရာတွင် မိမိကိုယ်တိုင်သာ ဆောင်ရွက်ရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။ ပွဲစားများအား အပ်နှံဆောင်ရွက်ခြင်းကြောင့် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဌာနမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း၊ မိမိတာဝန်သာဖြစ်ကြောင်း ကြေညာထားသည်။
ကတ်ပျောက်၊ ကတ်ပျက်လျှောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို ဆိုင်းဘုတ်ကပ် ကြေညာထားပြီးဖြစ်ကြောင်း၊ ကတ်ပျောက်ပါက လိုင်းပိတ်ပေးသော စာရင်းကိုလည်း ဆိုင်းဘုတ်ကပ် ကြေညာထားပြီးဖြစ်၍ ယခင်ကကဲ့သို့ တိုးဝှေ့မေးမြန်းစရာမလိုကြောင်း သိရသည်။

“ကတ်ပျောက်၊ လိုင်းပိတ် စာရင်းကို ဘုတ်မှာကြေညာထားတာ၊ အရင်လို လူတိုးပြီး မေးစရာမလိုတော့ဘူး၊ ကိုယ့်ဖုန်းနံပါတ်ကို ပိတ်ပြီးသားစာရင်းမှာပါရင် ကတ်အသစ်ကို သတ်မှတ်နေရာမှာ သွားထုတ်ရုံပဲ” ဟု စာတိုက်ကြီးအနီးရှိ ဆက်သွယ်ရေးရုံး၌ ပွဲစားတစ်ဦးက၂၀.၈.၂၀၁၄. ရက်နေ့တွင်ရှင်းပြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၁,၅၀၀ ကျပ်တန်ဖုန်းများ ကတ်ပျောက်၊ ကတ်ပျက်ကို ရန်ကုန်မြို့ စာတိုက်ကြီးအနီးရှိ ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ချထားပေးခဲ့သော ဖုန်းများအတွက်သာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ချထားပေးခဲ့သော ဖုန်းများ၏ ကတ်ပျောက်၊ ကတ်ပျက်အတွက် လျှောက်ထားနိုင်မည်မဟုတ်ကြောင်းကြေညာထားသည်။

ကတ်ပျောက်လျှောက်ထားခြင်းအတွက် နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ပြီး ကတ်ပျက်လျှောက်ထားခြင်းအတွက် အခမဲ့ဖြစ်ကြောင်း သိရသည်။ အခြားဒေသများအတွက် ကတ်ပျောက်၊ ကတ်ပျက်များကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အတွင်းရှိ သတ်မှတ်နေရာများတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်

Internet Journal , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment