Pages

Pages - Menu

Sunday, August 31, 2014

ရန်ကုန်တွင် နေ့ခင်းကြောင်တောင် အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွား မှုအား အရေးယူဆောင်ရွက်လျက်ရှိဟုသတင်းထုတ်ပြန်


RangonNewsDaily:: August . 31 .2014
သာကေတမြို့နယ်တွင် နေ့ခင်းကြောင်တောင် အချိန်မှာပင် လူမြင်ကွင်း ကားလမ်းပေါ်၌ လူမိုက်အုပ်စုနှစ်စုချိန်းဆို၍ မင်းမဲ့စရိုက်ဆန်ဆန် ဓားများ၊ တုတ်များဖြင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
‘‘ရန်ဖြစ်တဲ့သူတွေက သာ ကေတမှာ နာမည်ကြီး လူမိုက် တွေ။ နေမျိုးအောင်တို့ အဖွဲ့က လမ်းထဲမှာ စောင့်နေတုန်း ဟို အဖွဲ့က ကားနဲ့ဝင်လာတာ။ အဲဒီ မှာ ဓားတွေ၊ တုတ်တွေနဲ့ ခုတ်ကြ တာ။ ကားနဲ့ လိုက်တိုက်တာမှာ ကလေးငယ်တစ်ဦးကို တိုက်မိတာပဲ။ လူကတော်တော်များတယ်။ အကုန်လုံးက ဓားတွေပါနေတယ်’’ဟု ခိုက်ရန်ဖြစ်ပွားခဲ့သည့် ခိုင်ရွှေ ၀ါလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ပွဲဖြစ်ပွားသည့် အနီးပတ် ၀န်းကျင်တွင် နေထိုင်သော ပြည် သူများသည် ကြောက်လန့်တ ကြားထွက်ပြေးခဲ့ကြပြီး အိမ်တံခါး များ ပိတ်ထားကာ ရဲတပ်ဖွဲ့ရောက် ရှိလာမှသာ ခိုက်ရန်ဖြစ်ပွားသူများ ထွက်ပြေးသွားကြကြောင်း ၎င်းက ပြောသည်။
::
‘‘ဘယ်သူမှလည်း မတားရဲ ကြဘူး။ သူတို့နှစ်ဖွဲ့လုံးက လူမိုက်တွေချည်းပဲ။ လမ်းမကြီးပေါ်မှာ ဖြစ်နေကြတာ။ ဒီလိုသာ ဖြစ်နေ ရင် ပြည်သူတွေ ဘယ်လိုနေရမလဲ။ လုံခြုံမှုက ဘာမှမရှိဘူး။ ရဲတွေက ဒီအမှုကို အရေးယူတာတွေ မရှိ လောက်ဘူး’’ ဟု သာကေတမြို့ နယ် ထူပါရုံရပ်ကွက်နေ အသက်(၄၀) အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

လမ်းမပေါ်တွင် မင်းမဲ့စရိုက် ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွား ခြင်းနှင့်ပတ်သက်၍ ခိုက်ရန် ဖြစ် ပွားသည့် နယ်မြေအပိုင်ဖြစ်သော သာကေတမြို့နယ် အမှတ် (၂) ရဲ တပ်ဖွဲ့သို့ အမှုဖွင့်ခြင်း ရှိ၊ မရှိ မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်းမရှိပေ။


၎င်းဖြစ်စဉ်အား On Line မီဒီယာအချို့မှ သတင်းဖော်ပြရာတွင် အခင်းဖြစ်ပွားစဉ်ကနှစ်ဖွဲ့ပေါင်း
လူ(၅၀)ခန့် ရှိကြောင်း၊ သေနတ်ပစ်ဖောက်သံကဲ့သို့ အသံ(၂)ချက်ကြားရကြောင်းတို့ကို ရေး
သားခဲ့ကြရာ စိစစ်ချက်များအရ ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်းပါ(၈)ဦးခန့်နှင့်
နေမျိုးအောင် ပါ(၁၀)ဦးခန့်တို့သာ နှစ်ဘက်ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်ပြီးသေနတ်ပစ်ဖောက်သံ
ကဲ့သို့ကြားရသည်ဆိုသောအသံမှာလည်း သေနတ်ပစ်ဖောက်ခြင်း မဟုတ်ဘဲ 
ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်းမှ ဗျောက်အိုး(၂)ချက် ဖောက်ခဲ့ခြင်းသာဖြစ်ကြောင်း
Yangon Policeမွှဲ့မှသတင်းထုတ်ပြန်သည်။

ထိုသို့ဖြစ်ပွားကြောင်းသတင်းအရ သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များမှ သွားရောက်
ထိန်းသိမ်းခဲ့ရာ အဆိုပါနေရာတွင် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်နေ ကိုလေး(ခ)
မြင့်အောင်(ခ) စောဇော်မှိုင်းပါ(၈)ဦးခန့်နှင့် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်
နေ နေမျိုးအောင်ပါ(၁၀)ဦးခန့်တို့ခဲများဖြင့် အပြန်အလှန် ပစ်ပေါက်ကာ ခိုက်ရန်ဖြစ်ပွားခဲ့
ကြောင်း၊ 
::
ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်း၏ Nissan Cectricယာဉ်မှာ ရှေ့လေကာမှန်ကွဲသွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာအနီး၌ရပ်ကြည့်နေသူ
၁၀/တောင်(၁၃)ရပ်ကွက်နေ ကိုနေလင်းအောင်၏ ဦးခေါင်းကိုခဲထိမှန်ခဲ့သဖြင့် ဖူးရောင်
နာကျင်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရကြောင်း၊ ကျန်သူများထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့် အဖွဲ့တစ်ဖွဲ့မှဦးဆောင်သူ ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်း၊ (၄၅)နှစ်၊ (ဘ)ဦးအုန်းရွှေအား ဖမ်းဆီးပြီး စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ အရိုးအသွား(၆)
လက်မခန့်ရှိ ခေါက်ဓါး(၁)ချောင်း၊ လက်(၄)ချောင်းစွပ် သတ္ထုသံလက်သီးကွင်း(၁)ကွင်း၊ WARNING တံဆိပ်ပါ စက္ကူပတ်လျက် ဗျောက်အိုး(၁)ခု၊ လက်ကိုင်ဖုန်း(၁)လုံး၊ ဖုန်းအိတ်
(၁)ခု၊ အနက်ရောင်ခါးပတ်(၁)ချောင်းတို့ကိုတွေ့ရှိခဲ့သဖြင့် ၎င်းကို မင်္ဂလာတောင်ညွန့်
မြို့မရဲစခန်း (ပ)၅၂၇/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ-၁၉(င) ဖြင့်လည်းကောင်း၊ ရပ်ရွာ
အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောက်ယှက်မှုပြုလုပ်ခဲ့သဖြင့် သာကေတမြို့မရဲစခန်း (ပ)၄၁၄/၂၀၁၄၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ-၅(၁)(စ)(ဆ)
ဖြင့်လည်းကောင်း၊ အခင်းဖြစ်ပွားစဉ်က ဗျောက်အိုး(၂)ချက်ပစ်ဖောက်ခဲ့သည့်အတွက် သာကေတနယ်မြေ ရဲစခန်း(ပ)၅၀၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၈၆ ဖြင့်လည်းကောင်း အမှုများ
အသီးသီး ရေးဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့ပါသည်။
::
ကျန်တစ်ဖွဲ့မှ ဦးဆောင်သူ နေမျိုးအောင်၊ (၃၇)နှစ်၊ (ဘ)ဦးဌေးအောင်ကိုလည်း ရပ်ရွာ
အေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောက်ယှက်မှုပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး သာကေတနယ်မြေရဲစခန်း (ပ)၅၀၆/၂၀၁၄၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ-၅(၁)(စ)(ဆ) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

7Day DAILY ::-- , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment