Pages

Pages - Menu

Monday, August 4, 2014

ဒေသအချို့တွင် ရေကြီးကာ မြစ်ရေလျှံနေ၍ ဒေသခံများ အခက်တွေ့


RangonNewsDaily:: August . 4 .2014
ဒေသအချို့တွင် မိုး ဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်၊ ချောင်းများ ရေလျှံပြီး မြို့ နယ်များ ရေလွှမ်းမိုးနေ၍ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁ ရက်က မြန်မာ တစ်နိုင်ငံလုံး နေရာကွက်၍ မိုးကြီးသည့် မြို့ ၁၂ မြို့ရှိခဲ့သည်။ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်၊ မွန်နှင့် ချင်းပြည်နယ် တို့မှ မြို့များမှာ အများဆုံးပါဝင် သည်။

ရန်ကုန်တိုင်းတွင်းရှိ မြို့နယ် အချို့၊ ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျေးရွာအချို့နှင့် ပဲခူးတိုင်းတွင်း ရှိ မြို့နယ်အချို့တို့တွင် သြဂုတ် ၁ ရက်မှစတင်ပြီး မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်နေသဖြင့် ဒေသခံ များ အရေးပေါ်အကူအညီ လို အပ်နေကြောင်း သတင်းရရှိသည်။

ထို့အပြင် သြဂုတ် ၂ ရက် နံနက် ၆ နာရီခွဲတွင် ပဲခူးမြစ်ရေ မှာ မြစ်ရေချိန် ၈၇၃ စင်တီမီတာ သို့ ရောက်ရှိနေပြီး ရွှေသာလျောင်း ဘုရားသွားသောရေကျော်ပိုင်း ကားလမ်းမပေါ်တွင် ခြောက် လက်မခန့် ရေတက်နေကြောင်း ဒေသခံများက ပြောသည်။

‘‘ရေတက်ရင် ဘုန်းကြီး ကျောင်းတွေမှာ သွားခိုလှုံရတယ်။ ရေတက်ရင် လှေနဲ့သွားရတယ်။ ဘုန်းကြီးကျောင်းမှာ သွားနေရင် စားသောက်စရာတွေ လာလှူကြ တယ်’’ ဟု ဒေသခံတစ်ဦးက ဆို သည်။

ပဲခူးမြို့တွင် မိုးဆက်လက် ရွာသွန်းနေပြီး ပဲခူးမြို့အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) ရေနစ်မြုပ်နေသည်။

ပဲခူးမြစ်နှင့် င၀န်မြစ်ရေ မြင့် တက်လာနေမှုကြောင့် အဆိုပါ မြစ်ကမ်းဘေးနေသူ ဒေသခံလူဦး ရေထောင်နှင့်ချီ၍ ရေဘေးအန္တ ရာယ် ကျရောက်နေကြောင်း သ တင်းရရှိသည်။

သံလွင်မြစ်သည် စိုးရိမ်ရေ မှတ်အထက်သို့ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ရောက်ခဲ့ပြီး က ရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင် ရေ လွှမ်းမိုးခဲ့သောကြောင့် ဒေသခံ လူဦးရေ လေးရာကျော်အတွက် ရေဘေးစခန်း ဖွင့်ခဲ့ရသည်။

ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အနီးသို့ရောက်ရှိနေကာ င၀န်မြစ်သည်လည်း ငသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ နောက်နှစ်ရက်အတွင်း ရောက်လာနိုင် ကြောင်း မြစ်ရေကြီးခြင်း သတိပေးချက်အနေဖြင့် မိုး/ဇလဌာန က သြဂုတ်လ ၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ပဲခူးမြို့သည် စိုးရိမ်ရေမှတ် သို့ ရောက်ရန် တစ်ပေခွဲခန့်သာ ကျန်ရှိတော့ပြီး ရေဆက်လက် တက်နေသောကြောင့် သြဂုတ်လ ၁ ရက်မှ ၃ ရက်အတွင်း စိုးရိမ်ရေ မှတ်သို့ ရောက်မည်ဟု ခန့်မှန်း ထားကြောင်း မိုး/ဇလဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦးက ပြောကြားသည်။

‘‘ရေကြီးလာရင် ပြင်ဆင် တာကတော့ အိမ်အောက်မှာ ထားတဲ့ပစ္စည်း၊ လေးလံတာတွေ ကို အိမ်ပေါ်ရွှေ့တာမျိုး၊ စားစရာ ကြိုဝယ်တာမျိုးတော့ရှိတယ်။ ရေ ကြီးလာရင်တော့ ကျောက်ကြီးစု ရပ်ကွက်၊ ရွှေသာလျောင်းပိုင်း ရယ်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရယ်၊ ကျောက်ကြီးစုကတော့ အဆိုးဆုံး ပဲ’’ ဟု ပဲခူးဒေသခံတစ်ဦးက ဆို သည်။

ပဲခူးတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ‘‘အခုရက်ပိုင်းမှာ မိုးတွေက ဆက် တိုက်ရွာနေတာဖြစ်တယ်။ မိုး တွေရွာနေတဲ့ အချိန်မှာ ပဲခူးမြို့က ရေပိုတက်ပါတယ်။ လှည်းကူးမြို့ အ၀င်တစ်လျှောက် ရေတွေ တော်တော်မြုပ်နေတာ တွေ့ရတယ်။ သတိပေးတားမြစ် ချက်တွေ လုပ်ထားတာ မရှိသေး ပါဘူး။ ရေတကယ်နက်တဲ့ နေရာ တွေကို သတိပေးအချက်ပြ တိုင် တွေထားပေးဖို့ လိုအပ်ပါတယ်။ ခါတိုင်းနှစ်နဲ့ မတူဘဲ ရေတက် နေတာဖြစ်တယ်’’ ဟု ဆိုသည်။

လက်ရှိအချိန်တွင် ပဲခူးမြို့ မြေနိမ့်ရပ်ကွက်အချို့ နေအိမ်နှင့် လမ်းမများပေါ်သို့ ရေလွှမ်းမိုးမှု စတင်ရင်ဆိုင်နေရပြီး ရေဆက် လက်တက်လာပါက ကယ်ဆယ် ရေးစခန်းများဖွင့်ရန် ပြင်ဆင် ထားကြောင်း မြို့နယ်ထွေအုပ်ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ပဲခူးမြို့နယ်အတွင်းရှိ အနိမ့် ပိုင်းရပ်ကွက်များတွင် ရေများ စ တင်ဝင်ရောက်နေပြီဖြစ်သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများ တွင် ရေဘေးသင့် အိမ်ထောင်စု အနည်းငယ် ရောက်ရှိနေပြီဖြစ် သည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ သဲကုန်းမြို့နယ်တွင် မိုးရွာသွန်းမှု နှင့်အတူ အင်းရေလျှံမှုကြောင့် ကျေးရွာငါးရွာခန့်တွင် ၁၀ ရက် ကျော်ကြာ ရေနစ်မြုပ်နေပြီး စာ သင်ကျောင်းများလည်း နေရာ ပြောင်းရွှေ့ထားရကြောင်း ဒေသ ခံများက ပြောသည်။

မိုးများသောကြောင့် ချောင်း ၁၀ ခုခန့် စီးဝင်နေသည့် သဲကုန်း မြို့နယ်အတွင်းရှိ အင်းမာအင်း ရေလျှံပြီး ရေနစ်မြုပ်ခြင်းဖြစ် ကြောင်း သဲကုန်းမြို့နယ် အုတ်ဖို အုပ်စု၊ အောင်ကုန်းကျေးရွာသား ကိုဖြူဝင်းက ပြောသည်။

အင်းနဖူးပတ်လည်ရှိ သင် တောကျေးရွာ၊ ကန်စွန်းအင်း ကျေးရွာ၊ ဆောက်ချုံကြီးကျေးရွာ၊ တပင်မှော်ကျေးရွာ၊ အောင်ကုန်း ကျေးရွာစသည့် ရွာငါးရွာတို့တွင် ရေကြီးနေပြီး ယင်းကျေးရွာများ ထဲမှ စာသင်ကျောင်းအများစုကို ဘုန်းကြီးကျောင်းများသို့ ပြောင်း ရွှေ့ထားရခြင်းဖြစ်သည်။

အိမ်ခြေ ၃၀၀ နှင့် လူသုံး ထောင်ကျော် နေထိုင်သော အောင် ကုန်းကျေးရွာ၌ မူလတန်းလွန် ကျောင်းတွင် သူငယ်တန်းမှ သတ္တမတန်းထိ ပညာသင်ကြား နေသော ကျောင်းသားတစ်ရာ ကျော်လည်း ဘုန်းတော်ကြီး ကျောင်းသို့ ပြောင်းရွှေ့ ပညာသင် ကြားနေရသည်။

‘‘သဲကုန်းချောင်းတွေအား လုံးက အင်းထဲကို စီးဝင်တော့ အဲ ဒီနားဝန်းကျင် အောက်ကုန်းရွာ တွေဟာ နှစ်စဉ်ရေကြီးတယ်။ ရေ ၀ပ်တဲ့အကြောင်းက ငါးကန်တွေ တူးထားတာ စနစ်တကျမရှိတာ ကြောင့်ဖြစ်ပြီး ရေကျအောင် ဒိုက် တွေရှင်း ရေစုပ်စက်နဲ့ စုပ်တာ လုပ်နေတယ်’’ ဟု သဲကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဦးရဲလင်းအောင်က ပြောသည်။

ကျေးရွာသုံးရွာရှိ စာသင် ကျောင်းများ ရေ၀ပ်နေသော ကြောင့် ကျေးရွာဘုန်းကြီး ကျောင်းများတွင် ပညာသင်ကြား နေရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် တွင်လည်း သြဂုတ် ၂ ရက် နံနက် ပိုင်းက ရွာသွန်းသောမိုးကြောင့် လူဦးရေ ၁၂၀၀ ကျော်နေထိုင် သော အိမ်ခြေ ၁၅၀ ကျော်ရှိသည့် ကျေးရွာသုံးရွာ ရေနစ်မြုပ်နေ ကြောင်း ဒေသခံများက ပြော သည်။

‘‘ဂွမြို့နယ်မှာ ရေမတက် တာ ၂ နှစ်ကျော်ပြီ။ အခုမှ ရေပြန် တက်တာ။ အခု မိုးတွေ အရမ်းရွာ နေတော့ ချောင်းရေတွေလည်း လျှံနေပြီ။ သက်ဆိုင်ရာ အကူအ ညီတွေတော့ မလာသေးဘူး။ နာ ရေးကူညီမှုအသင်းတို့၊ မြို့နယ်ရဲ စခန်းတို့ကိုတော့ အကြောင်း ကြားထားတယ်’’ ဟု ဒေါင်းချောင်း ရွာသား ဦးစိုးတင်က ဆိုသည်။

‘‘တစ်ရွာလုံး ရေမြုပ်နေပြီ။ ဘုန်းကြီးကျောင်းလည်း ရေမြုပ် သွားပြီ။ အခု တစ်ရွာလုံး တောင် ခြေကို လှေနဲ့လှော်နေကြတယ်’’ ဟု ရခိုင်ပြည်နယ် ဂွမြို့နယ် ပေါက်တူးကွင်းကျေးရွာမှ ဒေသခံ တစ်ဦးက သတင်းပေးပို့သည်။

ဂွမြို့နယ်ထဲရှိ ကမ်းနားရွာ၊ ချင်းတွင်းကျေးရွာ၊ ပေါက်တူး ကွင်းရွာတို့တွင် ရွာလုံးကျွတ် ရေ နစ်မြုပ်နေပြီဖြစ်ပြီး ကမ်းနားရွာ သားများမှာ ရေလွတ်မည်ထင် သော ဂွ-ငသိုင်းချောင်း မော် တော်ကားလမ်းသို့ မွေးမြူထား သော နွား၊ ၀က်များကို ခေါ်ပြီး ပြောင်းရွှေ့နေကြရကြောင်း ဒေ သခံများက ဆက်ပြောသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ရေကျော်ကျေးရွာမှာ အိမ် ခြေ ကိုးဆယ်နီးပါး ရေနစ်မြုပ်မှု ကြုံတွေ့နေရပြီး အဆိုပါ ရေနစ် မြုပ်မှုကြောင့် စားဝတ်နေရေးနှင့် စီးပွားရေးအခက်ကြုံနေကြရ ကြောင်း ဒေသခံများက ဆိုသည်။

‘‘လှည်းကူးသားတွေ ရေ ဆော့လိုက်နဲ့ အဆင်ပြေနေကြ တယ်။ ချောင်းသာတို့ ငွေဆောင် တို့တကူးတက သွားစရာမလို တော့ဘူး။ စပါးသိုလှောင်ထား တာတွေ မြုပ်တာရှိတယ်။ သုံး ရက်ရှိနေပြီ ရေပြန်မကျသေးဘူး။ ရန်ကုန်ကိုအလုပ်ဆင်းတဲ့ သူ တွေ သွားရေးလာရေး အခက်အ ခဲရှိတယ်’’ ဟု ဒေသခံ ဦးကျော် မြင့်က ဆိုသည်။

‘‘ငမိုးရိပ်ချောင်း ရေတက်မှု နဲ့ မိုးအဆက်မပြတ်ရွာသွန်းနေ လို့ပါ။ လှည်းကူးမြို့နယ် ရန်ကုန် ပဲခူးလမ်းမပေါ်မှာ ရေတွေ ဒူး လောက်တက်နေတာမို့ သွားလာ ရေးအခက်အခဲ ဖြစ်နေပါတယ်’’ ဟု ၎င်းက ရှင်းပြသည်။

မြစ်ရေမြင့်တက်လာခြင်းနှင့် အတူ မိုးသည်းထန်စွာ ရွာသွန်းနေ သောကြောင့် မြစ်ကမ်းဘေးမြေ နိမ့်ဒေသတွင် နေထိုင်သူများ ရေ လွှမ်းမိုးမှုအန္တရာယ် ကြိုတင်ကာ ကွယ်ထားသင့်ကြောင်း မိုးလေ ၀သပညာရှင် ဒေါက်တာထွန်း လွင်က သတိပေးထားသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တွင် မုတ်သုံလေ အားကောင်းနေသောကြောင့် နိုင်ငံအလယ်ပိုင်း ဒေသအချို့မှ လွဲ၍ မြန်မာနိုင်ငံဒေသအနှံ့ နေ ရာကွက်၍ မိုးကြီးနိုင်သည့် အခြေ အနေရှိနေသေးသောကြောင့် နောက်တစ်ပတ်ခန့်အထိ ရေလွှမ်း မိုးမှု အန္တရာယ် သတိပြုရန်လို ကြောင်း ဦးကျော်မိုးဦးက ပြော သည်။

ပဲခူးမြို့တွင် သြဂုတ်၁ရက်က ရေကြီးနေ၍ လှေဖြင့်သွားလာနေသူများကိုတွေ့ရစဉ် (ဓာတ်ပုံ−ဇော်ရှင်း)


7Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment