Pages

Pages - Menu

Saturday, August 16, 2014

ရန်ကုန်မြို့လယ် ဗုံးဖောက်ခွဲမှုများအတွက် စွပ်စွဲခံရသူက ဗုံးကိုထားရုံသာထားခဲ့ဟု ဖြောင့်ချက်ပေး

ဗုံးဖောက်ခွဲမှုအတွက် စွပ်စွဲခံရသူများကို ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ - နစ်ကီ)
RangonNewsDaily:: August . 16 .2014
ရန်ကုန်မြို့ရှိ ကုန်သည် ကြီးများ ဟိုတယ်နှင့်အလုံလမ်းရှိ Western Park စားသောက်ဆိုင် တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်
ပွားပြီး နောက် ကျူးလွန်သူဟု သံသယရှိ သူ သုံးဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးလျက်ရှိသည်။ သြဂုတ် ၁၄ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ Western Park စား သောက်ဆိုင်တွင် ဗုံးရှာဖွေတွေ့ရှိ ခဲ့မှုနှင့် ပတ်သက်၍ တရားသူကြီး က ၎င်းတို့ သုံးဦးအား အပြစ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ၎င်းတို့က မရှိ ကြောင်းပြန်လည်ချေပပြောဆိုခဲ့ သည်။
ယင်းသို့ဖြောင့်ချက်ပေးဖြေ ကြားရာတွင် အဓိကျူးလွန်သူဟု စွပ်စွဲထားသူ စောမြင့်လွင်(ခ) မောထက ‘‘ကျွန်တော်
မထောင်ပါ ဘူး။ ကျွန်တော်ထားခဲ့တာပဲရှိတာ ပါ’’ဟု ဖြောင့်ချက်ပေးခဲ့သည်။

ထို့အပြင်ကျန်စွပ်စွဲခံထားရ သူနှစ်ဦးမှာ မိုင်းထောင်သည့်ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိ ကြောင်း ဖြေကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ၁၀ လကျော် ကြာစစ်ဆေးလျက်ရှိပြီး လာမည့် သြဂုတ် ၂၇ ရက်၌ အဆိုပါစွပ် စွဲခံထားသူ စောမြင့်လွင်(ခ) မော ထ၊ ဦးမြဖူးနှင့် ဇော်လတ်မောင် တို့ကို တရားခွင်တွင်စတင် စစ်ဆေးမည်ဖြစ်သည်။

ထို့ကြောင့်စွပ်စွဲခံထားသူ ဘက်မှ တရားခံပြသက်သေများ ကို သြဂုတ် ၁၄ ရက်တွင် တောင်း ခံခဲ့ပြီး စောမြင့်လွင်အတွက် ဖြောင့်ချက်ပေးမည့် တရားခံပြ သက်သေမရှိခဲ့ပေ။ ထို့အပြင် လက်ရှိ၎င်းတို့သုံးဦးကို ပေါက်ကွဲ စေတတ်သော ပုဒ်မ-၃ ဖြင့် တရားစွဲဆိုထားလျက်ရှိပြီး ပြစ်မှုကျူး လွန်ထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ် နိုင်သည့်အတွက် ဇော်လတ်မောင် နှင့် မြဖူးတို့က ယင်းပုဒ်မမှာ ပြင်း ထန်၍ ပုဒ်မပြင်ဆင်ပေးရန် ရန် ကုန်တိုင်းတရားလွှတ်တော်ရုံးသို့ တင်သွင်းထားကြောင်း သတင်းရရှိသည်။

Western Park စားသောက် ဆိုင်တွင် ၂၀၁၃ ခုနှစ်ကဖြစ်ပွားခဲ့ သော ဗုံးပေါက်ကွဲမှုနှင့် ပတ် သက်၍ စွပ်စွဲခံထားရသူ စောမြင့် လွင်(ခ) မောထက တရားရုံး၌ ဖြောင့်ချက်ပေးခဲ့သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment