Pages

Pages - Menu

Friday, August 29, 2014

သေနတ်ပစ် လေ့ကျင့်သူ ကိုးနှစ်သမီးက နည်းပြကို ပစ်သတ်မိ


RangonNewsDaily:: August . 28 .2014
သေနတ်ပစ်နည်းကို လေ့လာ သင်ကြားနေသူ ကိုးနှစ်သမီးငယ်က သူ၏ နည်းပြကို မတော်တ ဆ သေနတ်နှင့် ပစ်သတ်မိခဲ့မှု တစ်ခု အမေရိကန် နိုင်ငံ၊ အရီဇိုးနား ပြည်နယ် တွင် ဖြစ်ပွားခဲ့သည်။
ချားလ်စ် ဗက်ကာ အမည်ရှိသည့် အသက် ၃၉ နှစ်အရွယ်ရှိ နည်းပြသည် ကိုးနှစ်သမီး ကို အူဇီသေနတ် ပစ်နည်း သင်ကြားပေး နေစဉ် ယင်းမတော်တဆ မှုကြောင့် အသက်ဆုံးရှုံး ခဲ့ခြင်း ဖြစ်သည်။

ယင်းမိန်းကလေးသည် သေနတ်ပစ် သင်ကြားစဉ် ရုတ်တရက် သေနတ်ကို မထိန်း ချုပ်နိုင် တော့ ပဲ နောက်တွင် ရပ်နေသည့် နည်းပြကို ပစ်မိခြင်း ဖြစ်ဟန် ရှိသည်။ နည်းပြ ဗက်ကာမှာ ခေါင်းကို တိုက်ရိုက်ထိမှန် ခဲ့သောကြောင့် နေရာမှာ ပင် သေဆုံးသွား ခဲ့ရသည်။

“ဗက်ကာက ကောင်မလေးရဲ့ အနောက် မှာ ရပ်ပြီး ဘယ်လို ပစ်ရမယ် ဆိုတာကို သင်ပေးနေတာပါ။ ဦးဆုံး စစ်ဆေးမှုတွေ အရ ကောင်မလေးက သေနတ် ခလုပ်ကို ဆွဲလိုက်တဲ့ အခါမှာ သေနတ်ရဲ့ ကန်အား ကို မထိန်းနိုင်တာကြောင့် လည်ထွက် သွားပြီး ဗက်ကာကို မှန်ခဲ့တာ လို့ ကောက်ချက်ချ ထားပါတယ်”ဟု ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့် မိုဟေ့ဗ် ကောင်တီ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


လက်ရှိ အချိန်တွင် နည်းပြကို ပစ်သတ်ခဲ့မိသူ မိန်းကလေးငယ်မှာ မိဘများနှင့် အတူ ရှိနေပြီး သူမ၏ ဆိုးရွားသည့် နွေရာသီ အားလပ်ရက်ကို အဆုံးသတ်ရန် ကြိုးပမ်းလျှက် ရှိသည်။ အရီဇိုးနား ပြည်နယ် တွင် အသက် ၁၈ နှစ် မပြည့်ပါက လက်နက် ကိုင်ဆောင်ခွင့် မရှိချေ။


mizzima , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment