Pages

Pages - Menu

Friday, August 29, 2014

မြန်မာနှင့် ထိုင်းနိုင်ငံကို သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်း ဆွေးနွေးပွဲ ပြုလုပ်ရန် အိန္ဒိယအစိုးရ တိုက်တွန်း

RangonNewsDaily:: August . 28 .2014
အာဆီယံဒေသတွင်း နိုင်ငံများနှင့် လမ်းပန်းဆက်သွယ်ရေး ချိတ်ဆက်ရန် သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်း အကောင်အထည် ဖော်လိုသော အိန္ဒိယနိုင်ငံက မြန်မာနှင့် ထိုင်းအစိုးရတို့ကို ၂၀၁၆ ခုနှစ် တွင် စတင်ချိတ်ဆက်ရန် လျာထားသည့် အဝေးပြေးလမ်းမကြီး စီမံကိန်းအတွက် မျက်နှာစုံ ဆွေးနွေးပွဲများ ပြုလုပ်သင့်ပြီ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံတကာရေးရာဌာန အတွင်းရေးမှူး Mr.Anil Wadhwa က ပြောကြားသည်။
သြဂုတ်လ ၂၆ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသော အာဆီယံ-အိန္ဒိယ ဉာဏ်ကြီးရှင်အဖွဲ့ အစည်းအဝေးတွင် ၎င်းက တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အရှေ့နှင့် တောင်အာရှနိုင်ငံများ၏ ဆက်သွယ်ရေး လမ်းကြောင်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦပိုင်း စတင်ရန် လိုအပ်သောကြောင့် သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေးပွဲများ စတင်သင့်ပြီ ဖြစ်ကြောင်း၊ ယင်းမှသာ နည်းပညာပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများ ဆက်လက် ဖြည့်ဆည်းနိုင်မည် ဖြစ်ကြောင်း Mr.Anil Wadhwa က ပြောဆိုသည်။


အိန္ဒိယအစိုးရက ဖွံ့ဖြိုးဆဲအဆင့် ၂ နှင့် ၃ ရှိ အိန္ဒိယရှိ မြို့နယ်များတွင် စီးပွားရေး ဖွံ့ဖြိုးပြီး အာဆီယံ၏ ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်ရန် လိုလားလျက် ရှိကြောင်း၊ နောက်တွင် အာဆီယံ ထိပ်သီးနိုင်ငံများနှင့် လေကြောင်း ဆက်သွယ်ရေးကိုပါ ထပ်မံဆောင်ရွက်ရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။


အဆိုပါ အဝေးပြေးလမ်း စီမံကိန်းကို သုံးနိုင်ငံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်မည့်အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှလည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်မည် ဖြစ်ကြောင်း အိန္ဒိယအစိုးရ၏ ပြောကြားချက်ကို သြဂုတ် ၂၆ ရက်နေ့ The Economic Times သတင်းဌာနတွင် ဖော်ပြထားသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံ ပို့ဆောင်ဆက်သွယ်ရေး မဟာဗျူဟာ စီမံကိန်းကို အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာ အဖွဲ့အစည်း အကူအညီများယူပြီး ဦးစားပေး ဆောင်ရွက်ရန် သြဂုတ်လအတွင်းက ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီများ အစည်းအဝေး ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။


အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်ရှိ ကုလားတန်မြစ်ကြောင်း စီမံကိန်းကို အခြေတည်ပြီး ထိုင်းနိုင်ငံနှင့် တစ်ဆင့်ခံ လမ်းပန်းဆက်သွယ်ရေးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် အာဆီယံ နိုင်ငံများနှင့် ချိတ်ဆက်သွားရန် စီစဉ်ထားကြောင်း ပြောဆိုထားသည်။


The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment