Pages

Pages - Menu

Thursday, August 21, 2014

အီဘိုလာ မြန်မာနိုင်ငံထဲ ရောက်လာပြီလား


RangonNewsDaily:: August . 20 .2014
အာဖရိက အနောက်နိုင်ငံမှာ အလုပ်လုပ်ပြီး ရန်ကုန်ကို ပြန်လာတဲ့ မြန်မာလုပ်သားတစ်ဦးမှာ အဖျားရောဂါ တွေ့တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ရောဂါစစ်ဆေးမှုတွေနဲ့ ရောဂါထိန်းချုပ်တဲ့ လုပ်ငန်းတွေ ချက်ချင်း ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာန ရောဂါ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ဟာ သြဂုတ်လ ၁၉ ရက်နေ့ ညမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေ ဆောင်ရွက် နေတုန်းမှာပဲ အာဖရိက အနောက်ပိုင်းဒေသ Guinea နိုင်ငံနဲ့ Liberia နိုင်ငံတွေမှာ အလုပ်သွားလုပ်ပြီး မြန်မာနိုင်ငံကို ပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကိုယ်အပူချိန် ပြင်းထန်ပြီး ကိုယ်လက်မအီမသာ ဖြစ်နေတာကြောင့် ဝေဘာဂီ အထူးကုဆေးရုံကို လွှဲပြောင်းပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်နေရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဖျားနာနေတဲ့ လူနာကို လိုအပ်တဲ့ ဆေးကုသမှုတွေအပြင် ဓာတ်ခွဲစစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူနာနဲ့အတူ လူနာကို ပြုစုကုသလိုက်ပါ ပို့ဆောင်တဲ့ လေးဦးကိုလည်း သီးခြားစီထားပြီး ဝေဘာဂီ အထူးကုဆေးရုံမှာပဲ စောင့်ကြပ်ကြည့်ရှုနေပါတယ်။

ရန်ကုန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနက လူနာနဲ့ လူနာကို ထိတွေ့ကိုင်တွယ်တဲ့သူ လေးဦးဆီကနေ လိုအပ်တဲ့ ဓာတ်ခွဲနမူနာတွေယူပြီး ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ရှိမရှိ စစ်ဆေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ညွှန်းပို့ဓာတ်ခွဲခန်း (Reference Laboratory) ဆီ ပေးပို့ စစ်ဆေးနေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment