Pages

Pages - Menu

Thursday, August 21, 2014

သေနတ်နှင့်လက်ပစ်ဗုံး အချို့ တမူးတွင်ဖမ်းမိ


RangonNewsDaily:: August . 20 .2014
စစ်ကိုင်းတိုင်း၊ တမူးမြို့ စော်ဘွားရပ်ကွက်တွင် နေထိုင်သူတစ်ဦးထံမှ သေနတ်ပြောင်းရှည်တစ်လက်နှင့် လက်လုပ်ဗုံးများ၊ ကျည်ဆန်များကို ဖမ်းမိးထားကြောင်း တမူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦးတင်ဝေက သြဂုတ်လ ၂ဝ ရက်တွင် မဇ္ဈိမကို ပြောသည်။
"သတင်းပေးချက်အရ ယာခင်းထဲကို မနေ့သွားပြီး ဖမ်းဆီးခဲ့တာပါ။ ပိုင်ရှင်မင်းမင်း နဲ့ သူ့အလုပ်သမား နှစ်ယောက်ကိုပါ စစ်ဆေးဖို့ ဖမ်းဆီးထားပါတယ်။ ဘာကြောင့် လက်နက်ကိုင်ရလဲ ဘာလုပ်ဖို့လဲ ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ "ဟု ဆိုသည်။ စစ်ဆေးပြီးနောက် တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။

လက်နက်များမှာ ကျည်ဆံတစ်ထောင့်ထိုး ပြောင်းရှည်တစ်လက် ၊ အီနာဂါဗုံးသီးကျည် ၈ တောင့် ၊ ၄ဝ မမ ဗုံးသီး ၂ လုံး ၊ MG အစိမ်းရောင်ဗုံးသီး ၁ လုံး ၊ ကျည်ဆံ ၉၁ တောင့်တို့ကို သြဂုတ်လ ၁၉ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က တမူမြို့စော်ဘွားရပ်ကွက်တွင် နေထိုင်သော ကိုမင်းမင်း၏ ယာခင်းတဲတွင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

တစ်မူးမြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်၍ လက်နက်ကိုင်ဆောင်မှုများ၊ လက်နက် ရောင်းဝယ်ဖောက်ကားမှုများ အစဉ်အလာများလည်း ရှိခဲ့ပြီး ဒေသခံများအနေဖြင့် စိုးရိမ်စရာ အခြေအနေဟူ၍ ထူးထူးခြားခြားမရှိနိုင်ကြောင်း တမူးမြို့ နန့်ဖာလုံဈေးဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောသည်။

"လက်နက်တွေ ဖမ်းမိတာတွေ၊ လက်ပစ်ဗုံးဖမ်းမိတာတွေ ခဏခဏ တွေ့ရပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တော့ မကောင်းပါဘူး။ နယ်စပ်မြို့ဖြစ်တဲ့ အတွက် ဒီလိုကိုင်ဆောင်တာတွေကို ထိန်းသိမ်းဖို့လည်းလိုတယ်" ဟု ဆိုသည်။

မဇ္ဈိမ , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment