Pages

Pages - Menu

Wednesday, August 27, 2014

မလေးရှားရှိ စက်ရုံလုပ်သားများ ဆူပူအုံကြွမှုတွင် မြန်မာလုပ်သားများပါဝင်

RangonNewsDaily:: August . 27 .2014
မလေးရှားနိုင်ငံ၊ ကူလိုင်းဂျာရာမြို့ရှိ HDD အီလက်ထရွန်နစ်စက်ရုံတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာလုပ်သားများ အပါအ၀င် အလုပ်သမား ၈၀၀ ကျော်သည် အလုပ်ရှင်၏ ဖိနှိပ်မှု များကြောင့် ဆူပူများဖြစ်ပွားရာ စက်ရုံကို ဖျက်ဆီးကာ ကားတစ်စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြထား သည်။
သြဂုတ်လ ၂၆ ရက် နံနက် တွင် HDD စက်ရုံ၌ မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ လုပ်သား ၈၀၀ ခန့်သည် အလုပ် ရှင်၏ ဖိနှိပ်မှုများကြောင့် စက်ရုံကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အလုပ်ရှင်၏ ကားကို မီးရှို့ခဲ့သောကြောင့် သက်ဆိုင်ရာ သံရုံးများက လာရောက်၍ ဖြေ ရှင်းမှုများပြုလုပ်ပေးနေကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြ သည်။

အလုပ်ရှင်၏ ရင့်သီးစွာ ဆက်ဆံခြင်း၊ နိုင့်ထက်စီးနင်းခြင်းတို့ကြောင့် နီပေါနိုင်ငံသားဖြစ်သူ Kishor Rai က ဦးဆောင်၍ ဆူပူ မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း The Star သတင်းဌာနက ဖော်ပြ သည်။
::
‘‘သံရုံးကို အကြောင်းကြား လို့ သံရုံးက အခင်းဖြစ်ပွားတဲ့နေ ရာကို သွားပြီးဖြေရှင်းပေးနေပါ တယ်။ ဖျက်ဆီးမှုမှာ မြန်မာလုပ် သားတွေ ဘယ်လိုကစဖြစ်တယ် ဆိုတာတော့ မသိသေးပါဘူး’’ ဟု မလေးရှားနိုင်ငံ မြန်မာ သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
::
‘‘ကားမီးရှို့ဖျက်ဆီးတာကို မြန်မာလုပ်သားတွေက လုပ်တယ် လို့ မလေးရှားသတင်းစာတွေက ရေးထားကြတယ်။ အဲဒီစက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြဿနာဖြစ်နေတာ ကြာနေပြီ’’ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်နေထိုင်သော ကိုမျိုးမင်းက ပြောသည်။

7Day ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment