Pages

Pages - Menu

Thursday, August 7, 2014

ဆရာမများ ကျောင်းတက်ချိန် မမှန်သဖြင့် ကျောင်းသား မိဘသုံးရာ ကျော်ဆန္ဒပြ

RangonNewsDaily:: August . 7 .2014
ဟင်္သာတမြို့နယ် ၊ တံတားဦး ကျေးရွာအုပ်စု ၊ သုံးခွရွာရှိ အခြေခံ ပညာအလယ်တန်း ကျောင်းခွဲတွင် တာဝန် ထမ်းဆောင်နေ သောဆရာမသုံး ဦး ကျောင်းတက်ချိန် နောက်ကျသည်ဟု ဆိုကာ ကျောင်းသား မိဘများနှင့် ကျောင်းကော် မတီဝင် တစ်ရာကျော်တို့ သြဂုတ် ၅ ရက်တွင် မြို့ပေါ်တက်၍ ဆန္ဒပြကြသည်။

အဆိုပါ အလယ်တန်း ကျောင်းခွဲတွင် တာဝန်ကျ နေသည့် အလယ်တန်း ပြဆရာမ ဒေါ်ရီရီဌေး၊ ဒေါ်သန်းခိုင် နှင့် မူလတန်းပြ ဆရာမ ဒေါ်တင်တင်လှိုင်တို့မှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွင်သာ အချိန်ပေးကြသဖြင့် ကျောင်းတက်ချိန် နေ့တစ်ဝက်အထိ နောက်ကျခြင်း၊ ကျောင်းစော ဆင်းခြင်းတို့ မကြာခဏ ဖြစ်နေသည်ဟု ဆန္ဒပြသူတို့က မဇ္ဈိမကို ပြောသည်။

“သူတို့က ဒေသခံတွေဗျ။ နေတာလည်း ကျွန်တော့် အိမ်နဲ့နီးတယ်။ သူတို့အလုပ်မြက် ကောက်တာတို့၊ ကွမ်း ခူးတာတို့လုပ်ပြီးမှ ကျောင်းတက်တော့ ကလေးတွေ ပညာရေးက စိုးရိမ်စရာ ဖြစ်လာတယ်” ဟု ကျောင်း သားမိဘနှင့် ကျောင်းကော်မတီ ၀င်တစ်ဦးဖြစ်သူ ဦးကံမြင့်က ပြောသည်။

ကျောင်းသားဦးရေ သုံးရာခန့်ပညာ သင်ကြားနေသည့် အဆိုပါကျောင်းတွင် သုံးခွရွာအပါအ၀င် အနီးပတ် ၀န်းကျင်မှ ကျူတောရိုး၊ မိုးကုတ်၊ ဆင်လူး၊ ပွဲစားစုနှင့် သရက်ချောင်း ကျေးရွာများက ကျောင်းသားများ ပါလာ ရောက်ပညာသင် နေသည်ဟု ၎င်းတို့က ဆိုသည်။
မြို့နယ်၊ ခရိုင်နှင့်တိုင်း ပညာရေးမှူးရုံး သို့ဒေသခံတို့က စာဖြင့်အကြောင်း ကြားခဲ့မှုကြောင့် ပြီးခဲ့သည့်လအ တွင်းကွင်းဆင်း စစ်ဆေးကာ ခံဝန်ကတိလက်မှတ် များထိုးထားပြီး ဖြစ်သည်ဟု ဆန္ဒပြသူတို့က ပြောကြသည်။

ဆန္ဒပြပွဲကို ဟင်္သာတမြို့ပေါ်ရှိ နတ်မောက်လမ်း၊ မန်းဘခိုင်လမ်းနှင့် လမ်းမတော်လမ်း တို့ကိုဖြတ်ကာ ခရိုင် ပညာရေးမှူး ရုံးရှေ့၊ ဗိုလ်ချုပ်လမ်းနှင့် ရွှေစေတီလမ်း တို့ကိုဖြတ်ကာ အထွေထွေအုပ်ချုပ် ရေးမှူး ရုံးရှေ့အထိ လမ်းလျှောက် ဆင်နွှဲခဲ့ကြသည်။

ယခုကဲ့သို့ စည်းကမ်းပျက် သည်ဟုဆိုကာ ကျောင်းသား မိဘတို့ ဆန္ဒပြခဲ့သည့် ဆရာမသုံးဦးကို မဇ္ဈိမကကြိုး စားဆက်သွယ်ခဲ့ သော်လည်း အဆင်မပြေခဲ့ပေ။
“ဆရာတွေ ဆန်အိုးထဲမှာ ဆန်ပြည့်နေ ဖို့လိုပါတယ်”ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

Mizzima , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment