Pages

Pages - Menu

Friday, August 29, 2014

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးသွားခဲ့သော တရုတ်စစ်သား၅၆၀၀၀ ဦးအား အမှတ်တရအခမ်းအနား ထိုင်ဝမ်တွင် ကျင်းပ


RangonNewsDaily:: August . 29 .2014
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သား ၅၆၀၀၀ ဦး အား အမှတ်တရအခမ်းအနားကို ထိုင်ဝမ်တွင် သြဂုတ် ၂၇ ရက်က ကျင်းပခဲ့သည်။
ကျဆုံးခဲ့သော တရုတ်မျိုးချစ်တပ်ဖွဲ့မှ စစ်သားအများအပြားသည် ၁၉၄၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံ ရေနံချောင်းမြို့သို့ ဗိုလ်ချုပ်ဆွန်လီကျန်းနှင့် ၎င်း၏ တပ်ဖွဲ့တို့က ဂျပန်တို့ ၀ိုင်းရံခံထားရသည့် ဗြိတိသျှတပ်ဖွဲ့ဝင် ၇၀၀၀ အား ကယ်ဆယ်ရန်သွားခဲ့ကြခြင်းဖြစ်သည်။

“ကျဆုံးသွားပြီဖြစ်သော တရုတ်သမ္မတနိုင်ငံမှ အရာရှိများနှင့် စစ်သားများ၏ ၀ိညာဉ်များ” ဟု တရုတ်စာဖြင့် ရေးထိုးထားသည့် သစ်သားပြားကို မြို့တော်တိုင်ပေရှိ အာဇာနည်ဗိမာန်သို့ သယ်ဆောင်သွားစဉ် စစ်တီးဝိုင်းက ၀မ်းနည်းကြေကွဲမှုကို သရုပ်ဖော်သည့် တေးသွားကို တီးမှုတ်ခဲ့ သည်။

ယခုပြုလုပ်ခဲ့သည့် အခမ်းအနားသည် မြန်မာနိုင်ငံအတွင်း ဂျပန်တပ်ဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့သူ ၅၆၀၀၀ ဦး၏ ၀ိညာဉ်များကို အမှတ်တရ ဂုဏ်ပြုခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ လွှတ်တော်အမတ် ချန်ချန်ရှန်းက “အခုလို အမှတ်တရအခမ်းအနား ကို အရင်ကတည်းက လုပ်သင့်ခဲ့ပေ မယ့် ပြည်တွင်းစစ်ကြောင့် ကြန့်ကြာခဲ့ရပါတယ်” ဟု ပြောကြားသည်။

တရုတ်နိုင်ငံတွင် အုပ်ချုပ်ခဲ့သော မျိုးချစ်အစိုးရသည် ကွန်မြူနစ်များ၏ တိုက်ခိုက်ဖြုတ်ချခြင်းကို ခံရပြီး နောက် ထိုင်ဝမ်သို့ ထွက်ပြေးခဲ့ရကာ ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ် ပြီးဆုံးသွားခဲ့သည်။

ထိုင်ဝမ်နှင့်မြန်မာတို့အကြား သံတမန်ဆက်ဆံရေးမရှိသောကြောင့် စစ်သားများ၏ ၀ိညာဉ်များကို ထိုင်ဝမ်သို့ ပြန်လည်ခေါ်ဆောင် ရန် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ခြင်းဖြစ်ကြောင်း ချန်ချန်ရှန်းက ပြောကြားသည်။

တိုက်ပွဲအသီးသီးတွင် ကျဆုံးသွားခဲ့သည့် စစ်သား လေးသိန်း၏ ၀ိညာဉ်များအား ထိုင်ဝမ်အာဇာနည်ဗိ မာန်တွင် ကမ္ဗည်းရေး ထိုးပြီးဖြစ်သော် လည်း မြန်မာနိုင်ငံတွင် ကျဆုံးသွားခဲ့သည့် စစ်သားများအတွက် အမှတ်တရအခမ်းအနားကို ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့သည် ၁၉၄၅ ခုနှစ်အထိ တရုတ်နိုင်ငံတွင် ချန်ကေရှိတ်ဦးဆောင်သည့် မျိုးချစ်တပ်ဖွဲ့ဝင်များက အုပ်ချုပ်ခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ဂျပန်နှင့် စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲသည် ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။

Ref:AFP , Mizzima , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment