Pages

Pages - Menu

Friday, August 22, 2014

နေ့စားလပေး ပညာရေးဝန်ထမ်းကို (၄) တန်း ကျောင်းသား(၂) ဦးအား မဖွယ်မရာ ပြုလုပ်မှုဖြင့် အမှုဖွင့် အရေးယူထား

RangonNewsDaily:: August . 22 .2014
ထီးချိုင့်မြို့နယ်၊ အင်းဒေါင်းကျေးရွာ၊ အလက (ခွဲ) ကျောင်းမှ အထွေထွေလုပ်သား နေ့စားလပေး ပညာရေး ၀န်ထမ်းတစ်ဦးသည် (၄)တန်း ကျောင်းသားနှစ်ဦးအား သဘာဝ ကို ဆန့်ကျင်သည့် မဖွယ်မရာ အပြုအမူများ ပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူခံထားရကြောင်း သက်ဆိုင်ရာ မြို့မ ရဲစခန်းမှ သိရသည်။
ယင်းနေ့စားလပေး အထွေထွေပညာရေး ၀န်ထမ်းသည် (၄) တန်း ကျောင်းသားနှစ်ဦးကို ၎င်း၏ နေအိမ်တွင် သဘာဝ ဆန့်ကျင်သည့် ကိစ္စ မျိုးကို လိင်မှုအကြိမ်ကြိမ် ကျူးလွန်ခိုင်းစေခဲ့သည့် အတွက် ယခုကဲ့သို့ အမှုဖွင့် အရေးယူခြင်းခံခဲ့ ရကြောင်း သိရသည်။ 

အဆိုပါ ကိစ္စနှင့် ပက်သက်၍ နေ့ စားလပေး အထွေထွေ ပညာရေးဝန်ထမ်းအား ထီးချိုင့်မြို့မ ရဲစခန်းမှ (ပ) ၂၈၆/၂၀၁၄ ပြစ်မှု ပုဒ်မ- ၃၇၇ ဖြင့် အမှုဖွင့် ထားကြောင်း သက်ဆိုင်ရာ စခန်းမှ တာဝန်ရှိသူများ ထံမှ သိရသည်။

အင်းဒေါင်းကျေးရွာ အလက (ခွဲ) ကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် နေစားလပေး အထွေထွေ ၀န်ထမ်းဖြစ်သူ ကို.....၊ (၂၂) နှစ် သည် ပညာရေးနှင့် သက်ဆိုင်ခြင်း မရှိသည့် ကိစ္စများကို (၄) တန်း ကျောင်းသားများအား ၎င်းနေအိမ်တွင် ခိုင်းစေသည့်အပြင် မဖွယ်မရာ အပြုအမူမျိုးကို ကျောင်းသားများအား ပြုလုပ်ခဲ့ခြင်းကြောင့် အဆိုပါ (၄) တန်း ကျောင်းသားနှစ်ဦးဖခင်မှ ကျေနပ်မှု မရှိသည့်အတွက် ထီးချိုင့် မြို့ရဲစခန်း သို့ တရားလိုပြု ကာ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

Messenger News , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment