Pages

Pages - Menu

Monday, August 18, 2014

ခေါင်းလောင်းတစ်လုံး တွေ့ထားပြီ

RangonNewsDaily:: August . 17 .2014
“ဓမ္မစေတီ ခေါင်းလောင်းလား၊ ဘာခေါင်းလောင်းလဲတော့ မသိဘူး၊ ခေါင်းလောင်းတစ်လုံး လို့တော့ သိရတယ်” လို့ ခေါင်းလောင်းဆယ်ယူရေး အရန်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးနိုင်မင်းအောင်က ရေငုပ်သမားတွေ ခေါင်းလောင်းတစ်လုံး တွေ့ထားတဲ့ အကြောင်းကို ပြောပြတာပါ။
ဓမ္မစေတီ ခေါင်းလောင်းရှာဖွေတဲ့ နေရာအနီးမှာ ခေါင်းလောင်းတစ်လုံးကို ရေငုပ်သမားတွေ တွေ့ခဲ့တာပါ။ ယခင်တွေ့ရှိထားတဲ့ သင်္ဘောပျက်နဲ့ ပေ ၂၀ အကွာအဝေးနေရာမှာ ခေါင်းလောင်း တစ်လုံးကို သြဂုတ်လ ၁၅ ရက်နေ့က တွေ့တာလို့ ဦးနိုင်မင်းအောင်က ဆိုပါတယ်။

ခေါင်းလောင်းတွေ့တဲ့ နေရာကို နတ်စင်တစ်ရာ ဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့ ရှာဖွေခဲ့ခြင်းဖြစ်ပြီးတော့ ခေါင်းလောင်းကိုရေပေါ်က ဘောတစ်ခုနဲ့ တွဲချည်ပြီး အမှတ်အသား လုပ်ထားတယ်လို့ သူက ရှင်းပြပါတယ်။


မွန်ဘုရင် ဓမ္မစေတီမင်း သွန်းလုပ် လှူဒါန်းခဲ့တယ် ဆိုတဲ့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုကို ဆလုံလူမျိုး ရေငုပ်သမား ၁၀ ဦးအပါအဝင် လူအင်အား ၈၀ ခန့်နဲ့ သောင်တူး သင်္ဘောတစ်စီး၊ သုံးထပ်သင်္ဘောတစ်စီး တို့နဲ့ သြဂုတ်လ ၉ ရက်နေ့ကနေ စတင်ပြီးတော့ ရှာပုံတော်ဖွင့်နေတာပါ။


မြန်မာ့နည်း၊ မြန်မာ့ဟန် ဂမ္ဘီရအကူအညီ၊ ပရလောက အကူအညီတွေနဲ့ ရှာဖွေချိန် တစ်ပတ်ကနေ တစ်လအတွင်း ဆယ်ယူ ရရှိနိုင်မယ်လို့ ခေါင်းလောင်းရှာဖွေရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။


ခေါင်းလောင်းဆယ်ယူနေတဲ့ နေရာနဲ့ အနီးဆုံးဖြစ်တဲ့ ဒေါပုံ သင်္ဘောကျင်း ဆိပ်ကမ်းမှာ လူတစ်ထောင်ဝန်းကျင် နေ့စဉ်လာရောက် ကြည့်ရှုလျက် ရှိပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment