Pages

Pages - Menu

Monday, August 11, 2014

ဓမ္မစေတီမင်းခေါင်းလောင်းကြီးဆယ်ယူဖို့ကြိုးစားနေကြတဲ့မြန်မာပညာရှင်များ

RangonNewsDaily:: August . 10 .2014
ရန်ကုန်မြစ်ထဲက ချောင်း ၃ ခွဆုံမှာ နစ်မြုပ် နေတယ် ဆိုတဲ့ ဓမ္မစေတီမင်းခေါင်းလောင်းကြီးကို ဆယ်

ယူဖို့ ရေတပ် သင်္ဘောတွေ၊ ရေငုပ် သမားတွေ နဲ့ လူအင်အား (၈ဝ)လောက် ခေါင်းလောင်းကြီးနစ်မြုပ်နေ
တဲ့နေရာသို့ထွက်ခွါသွားကြတယ်လို့ဆိုပါတယ်။
ခေါင်းလောင်းကြီးကိုဆယ်ယူမဲ့မြန်မာတွေဟာမဆယ်ယူခင်မှာဥပုတ်သီလစောင့်ထိန်းတာတို့သက်သက်
လွတ်စားတာတို့ပြုလုပ်ရမယ်လို့သတင်တွေမှာဖေါ်ပြနေကြပါတယ်။ခေါင်းလောင်းကြီးကိုမည်သည့်နိုင်
ငံခြားပညရှင်တွေနိုင်ငံခြားအကူအညီကရိယာတွေမပါပဲမြန်မာပညာရှင်ကိုယ်တိုင်
ဦးစီးဦးဆောင်ပြုပြီးတော့မြန်မာနည်းမြန်မာဟန်ကိုအသုံးပြုကာဆယ်ယူသွား
မယ်လို့သိရပါတယ်။


ဒီခေါင်းလောင်းကြီးဟာ ရေအောက် ကြမ်းပြင် ( ၅၂ )ပေ အနက်မှာနစ်မြုပ် နေပြီး ခေါင်းလောင်းရဲ့ 

အပေါ်မှာ သံနဲ့ လုပ်ထားတဲ့ သဘောင်္တစီး လည်း ရှိတယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ခွင့်ပြု ချက်နဲ့
ခေါင်းလောင်းကြီး ဆယ်ခွင့် ရထားတဲ့ ဦးစံလင်းက ပြောပါတယ်။


ခေါင်းလောင်း လောလောဆယ် မှာ ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုစွန်တောင်ချောင်း ဆုံရာ နေရာမှာ ရှိ

တယ်လို့ ဦးစံလင်းက ဆိုပေမယ့် ခေါင်းလောင်းတည်ရှိရာ အသေးစိတ် နေရာ အတိအကျ ကိုတော့ မပြောပါဘူး။

လောလောဆယ် ခေါင်းလောင်း ဆယ်ယူရေး အတွက် အလှူငွေသိန်း (၁၈ဝဝ) လောက် ရထားပြီး

 သီတင်း(၂) ပတ် လောက်ကြာမယ်လို့ မျှော်မှန်း ထားပြီး တနေ့ကို ကုန်ကျစရိတ် ကျပ်သိန်း(၆ဝ)လောက်
ကုန်နိုင်တယ်လို့ ဦးအုန်းမြင့် က ပြောပါတယ်။


မူလက ရွှေတိဂုံ ကုန်းတော်မှာ ချိတ်ဆွဲထားပြီး တန်ချိန် (၂၉ဝ) လောက်အလေးချိန်တဲ့ ဒီခေါင်းလောင်းကြီး

ကို လွန်ခဲ့တဲ့ နှစ် (၄ဝဝ)ကျော်ကပေါ်တူဂီ တပ်သားတွေ လုယက် ယူငင်သွားပြီး မြစ်ထဲ နစ်မြုပ်ခဲ့တဲ့ အတွက် ပြန်ဆယ်ဖို့ ကြိုးစား နေတာ (၅) ကြိမ် ရှိနေပြီ ဖြစ်ပါတယ်။

လောလောဆယ်ခေါင်းလောင်းကြီးဆယ်ယူရာမှာမြန်မာတနိုင်ငံလုံးမှရဟန်းရှင်လူများအများဆုံးစိတ်

ဝင်စားမှုခံနေရပြီးတော့ခေါင်းလောင်းကြီးဘေးကင်းစွာဆယ်ယူရရှိပြီးခေါင်းလောင်းကြီးမူလတည်နေရာရွှေ
တိဂုံဘုရားကုန်းတော်ပေါ်တွင်ပြန်လည်ထားရှိရန်လိုလားနေကြပြီးဆယ်ယူရာမှာအနရယ်ကင်းရှင်း

ကြစေရန်ဆုတောင်ပေးလျှက်ရှိနေကြပါတယ်။

ခေါင်းလောင်းကြီဆယ်ယူမှုနှင့်ပတ်သက်သောသတင်းအချက်အလက်များကိုအချိန်ပြည့်စောင့်မျှော်နေ

ကြပြီးခေါင်းလောင်းကြီးဆယ်ယူရောဆိပ်ကမ်းနားတ၀ိုက်ရှိရဟန်းရှင်လူများကလည်းမိုးထဲလေထဲမှာအခု
လိုကိုယ်တိုင်ကိုယ်ကျအားပေးလျှက်ရှိကြောင်းသတင်းရရှိပါတယ်။

KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment