Pages

Pages - Menu

Monday, July 7, 2014

VK စားသောက်ဆိုင်မှ စာရင်းကိုင် နိုင်ငံခြားသူအား အဓမ္မပြုရန် ကြံစည်သူကို ဖမ်းဆီးမိ

RangonNewsDaily:: July . 7 .2014
မေ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်ရှိ VK ဗီယက်နမ် Coffee + Fast Food စားသောက်ဆိုင်တွင် ဆိုင်စာရင်းကိုင် နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မ ကြံစည်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယင်းနေ့၌ ဆိုင်ရှိ စာရင်းကိုင် နိုင်ငံခြားသူကို ဆိုင်တာဝန်ခံ ကိုယ်စားလှယ်က လေအေးစက် ပြုပြင်မည့်သူ ရောက်လာပါက လေအေးစက်များကို ပြသပေးရန် မှာထားမှုကြောင့် ကြားဖြတ် ရောက်လာသူ အမျိုးသားကို လေအေးစက် ပြုပြင်သူဟု ထင်မှတ်ပြီး ဒုတိယ အထပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

၎င်းအမျိုးသားမှာ အမှန်တကယ် ပြုပြင်သူ မဟုတ်ကြောင်း သိလိုက်ရသည့် အတွက် မြေညီထပ်သို့ ပြန်ခေါ်လာစဉ် ထိုအမျိုးသားက နိုင်ငံခြားသူကို နီးရာ အခန်းအတွင်းသို့ တွန်းထိုး ခေါ်ဆောင် သွားခဲ့သည်ဟု သိရသည်။


အမျိုးသမီးက ရုန်းကန်မှုကြောင့် ထိုသူက အနီးရှိကြိတ်သား လျှပ်စစ်မီးဖိုဖြင့် ထုရိုက်ခဲ့ရာ အမျိုးသမီးက ပြန်လည် ခုခံခဲ့သည့် အတွက် အမျိုးသားမှာ ဒဏ်ရာဖြင့် စားသောက်ဆိုင် အတွင်းမှ ထွက်ပြေးသွားခဲ့သည်။


အခင်းဖြစ်ပွားရာသို့ ရန်ကုန် အနောက်ပိုင်းခရိုင် ရဲမှူးကြီး ဝင်းကြည်၊ ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသင်၊ မြို့မစခန်းမှူး ဒုတိယရဲမှူး တိုးရွှေနှင့်အဖွဲ့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံး ဖမ်းမိနိုင်ရေး အတွက် ဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့နှင့်အတူ တာဝန်သိ ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အဓမ္မကြံစည်ရန် ကြိုးပမ်းခဲ့သူ လှိုင်သာယာမြို့နယ်နေ ကျော်ကျော်ဦး အသက် (၃၃နှစ်)ကို အင်းစိန်မြို့နယ် အောင်ဆန်း ရပ်ကွက် ကံဦး ဘုန်းတော်ကြီးကျောင်း အနောက်ဘက် ရထားလမ်းပေါ်၌ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ရဲအုပ် အောင်ကိုကိုနှင့် အဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
၎င်းအား ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရန် အတွက် ကြည့်မြင်တိုင်မြို့မ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

MOI Webportal , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment