Pages

Pages - Menu

Tuesday, July 22, 2014

ဖေ့စ်ဘွတ်ခ်သုံးစွဲမှု လုံခြုံရေးအတွက် မိုဘိုင်းဖုန်းနံပါတ်ဖြင့် SMS ပေးပို့ကာ အကောင့်ပြုလုပ်နိုင်ရန် ပြည်တွင်းတွင် ဆာဗာထားရှိပေးနိုင်ရေး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်

RangonNewsDaily:: July . 22 .2014
ဖေ့စ်ဘွတ်ခ်သုံးစွဲမှု လုံခြုံမှုရှိစေရန်အတွက် မိုဘိုင်း ဖုန်းနံပါတ်ဖြင့် အကောင့်ပြုလုပ်၍ SMS ပေးပို့သည့်စနစ်ဖြင့် ဖေ့စ်ဘွတ်ခ် အကောင့်ပြုလုပ်နိုင်ရန် ပြည်တွင်းတွင် ဆာဗာထားရှိပေးနိုင်ရေး ဖေ့စ်ဘွတ်ခ် ကုမ္ပဏီနှင့်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့်ဖြစ်ပေါ်နေ သည့်ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ ဇူလိုင်လ၂ဝ ရက် နံနက် ၉ နာရီ မှ ညနေ၄နာရီ၁၅ထိ MICT Park တွင်ကျင်းပပြုလုပ်သည့် Community Forum on Responsible Social Media in Myanmar ဆွေးနွေးပွဲအခမ်း အနားတွင်ဖေ့စ်ဘွတ်ခ်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ် သည်။

ယင်းက ''လုံခြုံရေးအတွက် ဖုန်းနဲ့တွဲပြီး Register လုပ်သွားရမှာပါ။ ဗိုက်ဗာအသုံးပြုတဲ့ပုံစံမျိုးပေါ့။ ကိုယ့်ဖုန်းနဲ့ စာရင်း

သွင်းလိုက်ပြီဆိုရင် SMS နဲ့ပြန်ပြီး Password ပို့ပေး မယ်။ Password ရိုက်လိုက်ရင် သုံး လို့ရသွားမယ့် ပုံစံပေါ့။ ဒီအတွက်လဲ ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးလုပ်ဆောင်သွားမှာပါ''ဟုပြောသည်။

နိုင်ငံတကာတွင် ဖေ့စ်ဘွတ်ခ် အသုံးပြုခြင်းအား ယင်းပုံစံဖြင့် သုံး စွဲနေကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ဖုန်းနံ ပါတ်သို့ SMS ပေးပို့၍ အသုံးပြုခြင်း အားဖြင့် သုံးစွဲသူက မှန်ကန်စွာ အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း

အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးသန်းထွန်းအောင် ကပြောသည်။

ယင်းက ''ဒီလို ဖုန်းနဲ့တွဲသုံး မယ်ဆိုရင် သုံးစွဲတဲ့ဖုန်းကို ဌာနက လဲသိမှာဖြစ်တဲ့အတွက် မှန်မှန်ကန် ကန်သုံးနိုင်မယ်။ ဖေ့စ်ဘွတ်ခ်ဘက် ကလဲ ဆာဗာထားရှိပြီး ပြင်ဆင်မှာ ဖြစ်တဲ့အတွက် အရမ်းကောင်းပါ တယ်''ဟု ပြောသည်။

ယင်းသို့ ဖေ့စ်ဘွတ်ခ်မှ ဆာဗာ ထားရှိ၍ SMS ပေးပို့အသုံးပြုခြင်း နှင့်ပတ်သက်၍ အိုင်စီတီပညာရှင် Alpha-Info Tech ကုမ္ပဏီလီမိ တက်မှ ဦးရဲမြတ်သူက ''ဒီလို ဖုန်းနဲ့ သုံးနိုင်ဖို့အတွက် ဆာဗာထားပြီး တော့ တရုတ်၊ အိန္ဒိယနိုင်ငံတွေမှာ လဲသုံးနေပါတယ်။ အဓိကက နိုင်ငံ တကာက SMS ပို့တာကို မြန်မာနိုင်ငံ ရဲ့ဆက်သွယ်ရေးစနစ်က လက်မခံ တာမျိုးဖြစ်နေတယ်။ အဲဒီအတွက် ဆာဗာထားရှိပြီး ဒီစနစ်လုပ်ပေး မှာဖြစ်တယ်''ဟု ပြောသည်။


လက်ရှိတွင် ဆိုရှယ်မီဒီယာ (လူမှုကွန်ရက်)မှတစ်ဆင့် သွေး ထိုးလှုံ့ဆော်မှုများ၊ Hate Speech ရေးသားခြင်းတို့ကြောင့် လူမျိုးရေး ပဋိပက္ခများ ပေါ်ပေါက်နေခြင်းများ အပေါ် သုံးစွဲသူမှ တာဝန်ယူမှုများ ရှိလာနိုင်စေရန်အတွက် ရည်ရွယ် ၍ ဖေ့စ်ဘွတ်ခ်၊ ဂူဂဲလ်နှင့် တွစ်တာ အစရှိသည်တို့မှ တာဝန်ရှိသူများ အား ခေါ်ယူ၍ နိုင်ငံတော်သမ္မတ ရုံး၊ ဆက်သွယ်ရေး

သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်တို့မှ ပူးပေါင်း၍ နှီးနှော
ဖလှယ် ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲမှုနှုန်း နှစ်သန်းဝန်း ကျင်ရှိကြောင်း အိုင်စီတီလုပ်ငန်း များ လုပ်ကိုင်ဆော
င်
ရွက်နေသည့် အဖွဲ့အစည်းများမှ သိရသည်။

ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်ခြင်းအား ကန့်သတ်ထားခြင်းမရှိဘဲ အကောင့် သစ်ဖွင့်လိုသူများ

အတွက် အင်တာနက်ဆိုင်များတွင် ကျပ်ငါးထောင် ပေး၍ ဖွင့်လှစ်နိုင်သည့်အတွက် မည်သူမဆို ကြိုက်နှစ်သက်
သလောက် ဖွင့်လှစ်သုံးနိုင်ကြောင်း သိရသည်။

Yangon Media , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment