Pages

Pages - Menu

Wednesday, July 2, 2014

မန္တလေးမှ ဆူပူ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ NLD ကြေညာချက်ထုတ်


RangonNewsDaily:: July . 2 .2014
ဇူလိုင် ၁ ရက်နေ့ ညပိုင်းနှင့် ဇူလိုင် ၂ ရက်နေ့ မနက်လင်းအားကြိးအချိန်တို့တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်ပြီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ရဲ့ သဘောထားကို ယနေ့ နေစွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကြေညာချက်တွင် မခိုင်လုံသော ကောလဟာလကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ပြီး အမျိုးအမည်ခွဲခြားရန်ခက်
သော လူစုလူဝေးတချို့ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ခြင်းသည် လုံးဝ မလိုလား အပ်သော ဖြစ်ရပ်များဖြစ်ကြောင်း၊ ယခင်ကြုံတွေ့ဘူးသည့် ပဋိပက္ခဖြစ်စဥင်္များကို အခြေခံပြီး သတိကြီးကြီးဖြင့် ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ကြောင်း၊

 နောက်နောင်ကို ယခုကဲ့သို့ ကောလဟလနှင့် သတင်းအမှားများ မကြာခဏ ပေါ်ပေါက်လျက် ပြည်သူတို့အား မလိုလားအပ်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်စေရန် ဆက်လက်ပေါ်ပေါက်လိမ့်မည်ဟု ယုံကြည့်ရပါကြောင်း၊ အုပ်ချူပ်ရေးအာဏာပိုင်များ အနေဖြင့် ယခုကဲ့သို့ သတင်းအပေါ် ချက်ခြင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ကောလဟာလသတင်း ကို စိစစ်ပြိးမှန်ကန်လျှင် ပွင့်လင်းမြင်သာစွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ 

မှားယွင်းသည့် သတင်းဖြစ်ပါက ပြည်သူကို အမှန်အတိုင်း အသိပေးကြေညာသင့်ကြောင်း၊ အဓိက ထောက်ပြလိုသည့် အချက်မှာ အာဏာပိုင်များ အနေနှင့် ပဋိပက္ခဖြစ်ပေါ်လာပါက ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ဦးစားပေးသင့်ကြောင်း၊ ကာကွယ်ရေးအတွက် ပြည်သူအား ဟန့်တား ထိန်းချူပ်ရေးကို ဦးစားပေးသည့် အလေ့အထများ ပြုပြင်ပြီး ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေးသင့်ကြောင်း စသည့်ဖြင့် ကြေညာချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင် ဘလောဂ်စတင်တွင် ရေးသားဖော်ပြထားသော ဆန်းကဖီး လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ဆိုင်အလုပ်သမတဦးကို အဓမ္မကျင့်သည် ဟူသော သတင်းကို အကြောင်းပြုပြီး ယမန့်နေညက မန္တလေးမြို့၌ ဘာသာရေး အသွင်ဆောင် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြိး မော်တော်ကားအချို့ ဖျက်ဆီးခံရခြင်း ၊ ဆိုင်တချို့ ဖျက်ဆီးခံရခြင်း၊ ဗလီဝတ်ကျောင်းအချို့ ခဲဖြင့်ပြစ်ပေါက်ခံရခြင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။
ကြေညာချက် အပြည့်အစုံကို ဖတ်ရှုနိုင်ပါသည်။

Ref: NLD ပြန်ကြားရေး FB
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment