Pages

Pages - Menu

Thursday, July 10, 2014

Google ၏ Project Tango စမတ်ဖုန်းများ အာကာသတွင် နာဆာ၏ စက်ရုပ်များနှင့် ပူးပေါင်း အလုပ်လုပ်မည်


RangonNewsDaily:: July . 10 .2014
Google ၏ Project Tango စီမံကိန်းမှ စမတ်ဖုန်းများသည် နာဆာ၏ SPHERES ဟု ခေါ်သည့် ဘောလီဘောအရွယ် စက်ရုပ်များနှင့် ပူးပေါင်း အလုပ်လုပ်မည်ဟု ယခင်က ကြေညာခဲ့ဖူးပါသည်။ အဆိုပါ စက်ရုပ်များသည် နိုင်ငံတကာ အာကာသစခန်းတွင် သွားလာနေကြမည်ဖြစ်ပြီး အာကာသယာဉ်မှူးများကို ကူညီမည်ဖြစ်သည်။ ယခုအခါ ပူးပေါင်းမှုကို စတင်တော့မည်ဟု သိရပါသည်။
Reuters ၏ သတင်းအရ Google ၏ Project Tango Smartphone များသည် SPHERES ၏ ဦးနှောက်နှင့် မျက်စိများသဖွယ် အလုပ်လုပ်မည်ဖြစ်သည်။ SPHERES စက်ရုပ်များကို နာဆာက တီထွင်ထားခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အာကာသစခန်းသို့ ပထမဆုံး အကြိမ် ပို့ဆောင်ခဲ့ပါသည်။

ယခုကဲ့သို့ Project Tango Smartphone များနှင့် စက်ရုပ်များကို ပူးပေါင်းအလုပ်လုပ်စေသည့် ရည်ရွယ်ချက်မှာ နေ့စဉ်အလုပ်များနှင့် အန္တရာယ်ရှိသော တာဝန်များကို အာကာသယာဉ်မှူးများအစား ပြုလုပ်ပေးရန် ဖြစ်ပါသည်။

Smart SPHERES မှ စီမံကိန်း မန်နေဂျာဖြစ်သူ Chris Provencher က “ ဆက်သွယ်ရေး ၊ ကင်မရာနဲ့ SPHERES မှာ နဂိုပါရှိတဲ့ Accelerometers နဲ့ အခြား Sensor များရဲ့ စွမ်းရည်ကို ပိုမိုတိုးတက်စေဖို့အတွက် နာဆာနဲ့ Google ပူးပေါင်းရတာပါ။” ဟု Reuters ကို ပြောပါသည်။


ပိုမို စမတ်ကျသော SPHERES စက်ရုပ်များကို ဇူလိုင် (၁၁) ရက်နေ့တွင် အာကာသသို့ လွှတ်တင်မည်ဖြစ်သည်။ Google နှင့် နာဆာတို့သည် Project Tango Smartphone များတပ်ဆင်ထားသည့် စက်ရုပ်များ အာကာသတွင် မည်သို့ အလုပ်လုပ်မည်ဆိုသည်ကို မြေပြင်ရှိ အာကာသစခန်း တွင် စမ်းသပ်ပြီးဖြစ်သည်။ 


Google ၏ Project Tango သည် Android အခြေပြု စမတ်ဖုန်း နမူနာပုံစံဖြစ်ပြီး LG က ၂၀၁၅ ခုနှစ်တွင် စားသုံးသူများအတွက် တီထွင်ရောင်းချပေးမည်ဟု မျှော်လင့်ရပါသည်။

Myanmar Digital Life , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment