Pages

Pages - Menu

Friday, July 18, 2014

Breaking News "လူ ၂၉၅ ဦး လိုက်ပါသွားသော မလေးရှားလေယာဉ် ယူကရိန်းတွင် ပစ်ချခံရ"


RangonNewsDaily:: July . 18 .2014
မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ယူကရိန်းနိုင်ငံအတွင်း ရုရှားနယ်စပ်အနီး မြေပြင်မှ ဒုံးကျည်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ပျက်ကျသွားကြောင်း သိရှိရသည်။ မလေးရှားလေကြောင်းမှ Boeing-777 လေယာဉ်သည် ခရီးစဉ် MH17 အဖြစ် ပျံသန်းသွားစဉ် ယူကရိန်းလေကြောင်းပိုင်နက်အတွင်းရောက်ရှိပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားကြောင်း မလေးရှားလေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

ပျက်ကျသွားသည့် လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၅ ဦး လိုက်ပါသွားကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါလေယာဉ်သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူသို့ ပျံသန်းလာစဉ် ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီး ပျက်ကျခဲ့ခြင်းဖြစ်သည်။
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment