ဘယ်လ်ဂျီယံတိုက်စစ်မှူး အော်ရီဂီ၏ ကန်သွင်းမှုကို ကာကွယ်နေသည့် တင်မ်ဟောင်းဝပ်(Photo-AFP)
RangonNewsDaily:: July . 2 .2014ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲ၏ ပွဲချိန်အတွင်း အကြိမ်အများဆုံးဂိုးပေါက်ကာကွယ်နိုင်သည့်ဂိုး
သမားအဖြစ် အမေရိကန်လက်ရွေးစင်အသင်းဂိုးသမားတင်မ်ဟောင်းဝပ် စံချိန်တင်ဘယ်လ်ဂျီယံအသင်းနှင့် ရှုံးထွက်
ပွဲစဉ်တွင် အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့သည့် အမေရိကန်အသင်းဂိုးသမား တင်မ်ဟောင်းဝပ်သည် ကမ္ဘာ့ဖလား
ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲ၏ ပွဲချိန်အတွင်း အကြိမ်အများဆုံးဂိုးပေါက်ကာကွယ်နိုင်သည့် ဂိုးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။
တင်မ်ဟောင်းဝပ်(၃၅ နှစ်)သည် အမေရိကန်အသင်းနှင့် ဘယ်လ်ဂျီယံပွဲစဉ်တွင် ပွဲချိန်အတွင်း ဂိုးပေါက်ကာကွယ်မှု
(၁၅)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် အမေရိကန်အသင်းသည် အချိန်ပို၌ ဘယ်လ်ဂျီယံအသင်းကို (၂-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း တင်
မ်ဟောင်းဝပ်၏ လက်စွမ်းပြမှုမှာပြိုင်ဘက်ဘယ်လ်ဂျီယံအသင်းကစားသမားများကို စိတ်ပျက်စေခဲ့သည်။
ယခင်စံချိန်မှာ ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပီရူးအသင်းနှင့် ဟော်လန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ပီရူးအသင်း
ဂိုးသမား ကွီရိုဂါက ပွဲချိန်အတွင်း ဂိုးပေါက်ကာကွယ်မှု(၁၃)ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
Eleven Media , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment