Pages

Pages - Menu

Thursday, July 17, 2014

တက္ကသိုလ်နည်းပြနှင့် လက်ထောက်ကထိကများကို လစာတိုးပေးမည်

RangonNewsDaily:: July . 17 .2014
အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်ဆရာ၊ ဆရာမ လစ်လပ်နေရာများအတွက် စိတ်ဝင်စားသူ ပိုတိုးလာရန် တက္ကသိုလ်နည်းပြနှင့် လက်ထောက်ကထိကတို့ကို လစာတိုးပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း မိတ္ထီလာစီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ပြောကြားသည်။
နည်းပြဆရာ၊ ဆရာမများကို လက်ထောက်ကထိကအဆင့် လစာတိုးပေးပြီး လက်ထောက် ကထိကများကို ကထိကအဆင့်လစာ တိုးပေးမည် ဖြစ်ကြောင်း၊ ကျန်ပြန်တမ်းဝင် ရာထူးများကိုမူ ဆက်လက်တိုးပေးရန် မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကိုယ့်လုပ်ပိုင်ခွင့်ထဲမှာ ရှိသလောက်ကို လစာတိုးပေးတာ။ ပါချုပ်အထိ တိုးပေးဖို့ ဖွဲ့စည်းပုံကြီးတစ်ခုလုံး ပြောင်းရမှာ ခက်မှာစိုးလို့။ လစာအစီအစဉ်ကတော့ ဒီနှစ်ထဲပဲ စနိုင်တယ်” ဟု ဒေါက်တာတင်ဝင်းက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ လစာတိုးမည့် အစီအစဉ်ကို လက်ရှိအချိန်ထိ တက္ကသိုလ်ဆရာ၊ ဆရာမများကို တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“တိုးတာတော့ကောင်းတယ် ဆိုပေမယ့် အများကြီး ထူးခြားလာမှာတော့ မဟုတ်ဘူး။ စားဝတ်နေရေးက ဒီလစာနဲ့ မလောက်ဘူးလေ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (ယာယီ) ဝင် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက The Voice သို့ ပြောကြားသည်။

တက္ကသိုလ်နည်းပြ ဆရာ၊ ဆရာမ တစ်ဦး၏လစာသည် ကျပ်တစ်သိန်းခွဲနီးပါး ရှိပြီး ယခင်ပညာသင်နှစ်များက အခြေခံလစာသည် ကျပ် ၈၀,၀၀၀ ဖြစ်ကြောင်း အဆိုပါ ပညာရေးအသိုင်းအဝိုင်းက ဆိုသည်။

အဆင့်မြင့်ပညာကဏ္ဍရှိ ဆရာ၊ ဆရာမများ ရာထူးအပြောင်းအရွှေ့နှင့် ရာထူးတိုးကိစ္စတို့ကို ပြင်ဆင်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment